Home
မြန်မာသတင်း
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်သည့်အဆို ရှုံးနိမ့်
DVB
·
June 18, 2020
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်ထားတဲ့ အဆိုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒီနေ့မနက် မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံးနိမ့်သွားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဒီကနေ့ ဇွန်လ ၁၈ ရက် မနက်မှာ  အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အယုံအကြည်မရှိအဆိုနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ်ရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ လွှတ်တော်အမတ် ၁၁၇ အနက် ၁၀၂ ဦးမဲပေးခဲ့ကြပြီး  ထောက်ခံမဲ ၂၅ မဲ၊ ကန့်ကွက်မဲ ၇၇ မဲနဲ့ ကြားနေမဲမရှိဘဲ အဆိုရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်း အပါအဝင် ကိုယ်စားလှယ် ၃၂ ဦးက ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် ဗဟိုကော်မတီက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို မလိုက်နာမှုအပါအဝင် စွပ်စွဲပြစ်တင်မှု ၇ ချက်ကို လက်မှတ်ထိုးပြီး ဇွန်လ ၅ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌက တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်တွေနဲ့ပတ်သက်လို့ လွှတ်တော်က  စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့သလို အရေးပေါ် အစည်းအဝေးခေါ်ယူပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တချို့ဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလ ဗိုလ်တထောင်ဘုရားမှာ ဘာသာရေးပွဲတော်ကျင်းပခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာ လူအများ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့  ပွဲတော်ကျင်းပခဲ့တာမရှိကြောင်းနဲ့   ဥပဒေမဲ့ ဆောင်ရွက်ခြင်းမျိုးကို လုံးဝဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း  ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024