ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁ ဦးထပ်တွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁ ဦး ထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇွန်လ၁၈ ရက်မနက် သတင်းထုတ်ပြန်ပါတယ်။ အဆိုပါလူနာသစ်ဟာ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြည်ပကိုခရီးသွားခဲ့တာ မရှိပေမဲ့ အတည်ပြုလူနာ အမှတ် ၂၆၂ နဲ့ ထိတွေ့မှုရှိခဲ့လို့ မောင်တောမြို့နယ်မှာ အသွားအလာကန့်သတ်ထားရှိခံနေရသူဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၅၉)ခု နဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ကုတင် - ၁၀၀၀)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၂၃၅)ခု  စုစုပေါင်း (၈၉၄) ခုကို ဒီနေ့ မနက် အစောပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် တစ်ဦး ထပ်တွေ့ရတာပါ။  ဇွန်လ ၁၈ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာ ပေါင်း ၂၆၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၁၇၉ ဦးနဲ့ အဲဒီထဲက ၁၆၂ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up