DVB Logo
Home
မြန်မာသတင်း
ဟန်နီကမ် မြန်မာကို ပြန်လည် ၀င်ရောက်
DVB
·
May 15, 2013
ဟန်နီကမ် မြန်မာကို ပြန်လည် ၀င်ရောက်
Donate to DVB

နယ်သာလန် အခြေစိုက် ဟန်နီကမ် (Heineken) ဘီယာကုမ္ပဏီက မြန်မာက ဘီယာကုမ္ပဏီနဲ့အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံကို ၀င်ရောက်တော့မှာ ဖြစ်ပါတယ်။

မြန်မာက အလိုင်းရင့် ဘရှုးဝါရီ ကုမ္ပဏီ (ABC) နဲ့ ဟန်နီကမ် ဘီယာကုမ္ပဏီတို့ မြန်မာပြည်မှာ အကျိုးတူ ပူးပေါင်းထုတ်လုပ်ရောင်းချဖို့ ဟန်နီကမ် ကုမ္ပဏီက မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

အကျိုးတူ  ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မတီထံကနေ အတည်ပြုချက်ရရှိခဲ့ပြီးတော့ ရန်ကုန်အနီးနားမှာ ဘီယာချက်စက်ရုံ တည်ထောင်ကာ ၂၀၁၄ ခုနှစ်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း ကြေညာချက်က ရေးပါတယ်။

လုပ်ဆောင်ခွင့်ရတဲ့ ABC ကုမ္ပဏီကို ဦးအောင်မိုးကျော်က ပိုင်ဆိုင်တာဖြစ်ပြီး အကျိုးတူ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ စီစဉ်ထားပြီးတော့ အလုပ်အကိုင် ၄၀၀ လောက် ဖန်တီးပေးနိုမှာ ဖြစ်ပါတယ်။

ဟန်နီကမ် အမှုဆောင်အကြီးအကဲကတော့ ဒီလိုလုပ်ဆောင်ခွင့်ရတာဟာ စိတ်လှုပ်ရှားစရာ အခွင့်အရေးတခုဖြစ်ပြီးတော့ ဒီရင်းနှီးမြှုပ်နှံမှုကနေ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်လို့ ပြောပါတယ်။

ဒီကိစ္စအတွက် ဦးအောင်မိုးကျော်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်မရဖြစ်ခဲ့ပြီး သူ့ရဲ့ အတွင်းရေးမှူးကတော့    ဒီကိစ္စကို မသိတဲ့အကြောင်း ပြောပါတယ်။

သဘောတူညီချက်အရ အကျိုးတူ လုပ်ငန်းအတွက် ဟန်နီကမ်က ၅၇ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး စီမံခန့်ခွဲမှုတွေအားလုံးကို လုပ်ဆောင်မှာဖြစ်သလို ဘီယာချက်လုပ်ပုံနဲ့ နည်းပညာတွေကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ဟန်နီကမ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဧပြီ ၂၂ ရက်နေ့ နောက်ပိုင်း ဥရောပသမဂ္ဂက မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ ရုပ်သိမ်းပြီးတဲ့ နောက်မှာ ဟန်နီကမ်က အခုလို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တုန်းကလည်း ဟန်နီကမ်က မြန်မာနိုင်ငံမှာ ၀င်ရောက် လုပ်ကိုင်ခဲ့ပေမယ့် ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။

ဇန်န၀ါရီလက မြန်မာ ရင်းနှီးမြှုပ်နှံမှုကော်မတီက ဒေသတွင်းမှာ လုပ်ဆောင်ဖို့ အတွက် နိုင်ငံတကာ ကုမ္ပဏီတွေကို လိုင်စင် ၄ ခုကမ်းလှမ်းခဲ့ပါတယ်။

ဖေဖော်ဝါရီလက ထိုင်းအဖျော်ယမကာကလည်း ချမ်းဘီယာစက်ရုံတွေကို ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်မှာ ထုတ်လုပ်ဖို့ ခွင့်ပြုချက်ရရှိခဲ့သလို ဒိန်းမတ် ကားလ်ဘတ်စ်က မြန်မာဂိုးဒင်းစတားနဲ့ လက်တွဲလုပ်ဆောင်ဖို့အတွက် အတည်ပြုချက်ရရှိခဲ့တယ်လို့ ထိုင်း အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။

မြန်မာအဖျော်ယမကာ ကုမ္ပဏီ (MBL)ဟာ နိုင်ငံတွင်းမှာ အကြီးဆုံး ဘီယာကုမ္ပဏီဖြစ်ပြီးတော့ ဦးပိုင်က ၄၅ ရာခိုင်နှုန်းနဲ့ စကာင်္ပူအခြေစိုက် ကုမ္ပဏီတွေက အကျိုးတူ လုပ်ဆောင်နေတာတာလို့လည်း သတင်းက ဆိုပါတယ်။ တိုက်ဂါး၊ မြန်မာ၊ အေဘီစီစတော့၊ မြန်မာဒွာဗာလ်စတောင်း၊ ဘာရွန်စတောင်းနဲ့ အာဒမန်ဂိုလ်း ဘီယာတွေကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။

ပက်စီ၊ ကိုကာကိုလာ အချိုရည်ကုမ္ပဏီတွေ၊ ကားလ်ဘတ် ဘီယာနဲ့ ဖိုဒ် ကားကုမ္ပဏီတွေကလည်း မြန်မာကို ၀င်ရောက်ဖို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013