မန္တလေးမိုး၊ လမ်းရေကြီးရေလျှံ
DVB
·
May 15, 2013
မန္တလေးမြို့မှာ နေ့လည် ၁၂နာရီခွဲက ရွာသွန်းခဲ့တဲ့မိုးကြောင့် လမ်းရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ မန္တလေးမြိ့ရဲ့ အဓိက လမ်းမတွေဖြစ်တဲ့ ၇၈ လမ်း၊ ၃၅ လမ်း၊ ၈၄ လမ်း၊ ၂၂ လမ်း၊ ၂၆ လမ်းနဲ့ ၇၃ လမ်း အစရှိတဲ့ လူစည်ကားရာအရပ်တွေမှာ ရေလျှံခဲ့တာ ဖြစ်ပါတယ်။
နေ့လည် ၃ နာရီခွဲကျော်မှာ မိုးတိတ်သွားခဲ့ပေမယ့် ရေကြီး ရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ။
(သတင်းဓာတ်ပုံ - စူပါ) Read more