DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ပိုင်ကျုံမြို့ ဒေသခံ ၃၀၀ ကို မှတ်ပုံတင်ထုတ်ပေး
DVB
·
May 15, 2013
ကရင်ပြည်နယ် ပိုင်ကျုံမြို့ ဒေသခံ ၃၀၀ ကို မှတ်ပုံတင်ထုတ်ပေး
Donate to DVB

နော်ဝေး ဒုနိုင်ငံခြားရေးဝန်ကြီးအဖွဲ့၊  လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ ဦးဆောင်တဲ့အဖွဲ့တို့ ပူးပေါင်းပြီး ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် နောင်ဘိုကြီးကျေးရွာက ဒေသခံ ၃၀၀ ကို ဒီနေ့ မှတ်ပုံတင်ထုတ်ပေးနေပါတယ်။

ဒီအစီအစဉ်ဟာ နော်ဝေနိုင်ငံက ထောက်ပံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲက တခုဖြစ်တဲ့အတွက် နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နောင်ဘိုရွာအထိ လိုက်ပြီး မှတ်ပုံတင်ထုတ်ပေးရေး လုပ်ငန်းစဉ်မှာ ပါဝင်တာလို့ ဒီခရီးစဉ်မှာလိုက်ပါ သတင်းယူတဲ့ ဒီဗွီဘီဝိုင်းတော်သား ဦးတိုးဇော်လတ်က ပြောပါတယ်။

“နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် လိုက်တာက နော်ဝေကထောက်ပံ့ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက တခုဖြစ်လို့ပါ။ ၀န်ကြီး ဦးခင်ရီတို့ကတော့ မိုးပွင့်စီမံကိန်းလို့ ခေါ်တယ်။ မိုးပွင့်စီမံကိန်းဆိုတာက အထူးသဖြင့် ငြိမ်းချမ်းရေးမရှိလို့ အကြောင်းအမျိုးမျိုးကြောင့် အပြင်ရောက်သွားတဲ့ လူမျိုးစုတွေ၊ ဒီနေ့မှာတော့ ကရင်လူမျိုးစုတွေ၊ မှတ်ပုံတင်မရှိသေးသူတွေကို ၁ ရက်တည်းနဲ့ ကော်မတီဖွဲ့ပြီး ပြန်လည်စိစစ်ထုတ်ပေးတာပါ။ နောက် ဒီစီမံကိန်းက ၂၀၁၂ ဇူလိုင်က စတယ်ပြောတယ်။ အခုထိ အားလုံးပေါင်း မှတ်ပုံတင် ၈ သောင်းကျော် ထုတ်ပေးခဲ့ပြီးပြီ။ ၂၀၁၃ ထဲမှာ နောက်ထပ် ၂ သောင်းလောက် ထုတ်ပေးဦးမယ်လို့ နော်ဝေဒုက္ခသည်ကောင်စီ (NRC) ရဲ့ ဒါရိုက်တာ ခရစ်က ပြောထားတယ်။”

မှတ်ပုံတင်မရှိသေးတဲ့သူတွေကို မှတ်ပုံတင်ထုတ်ပေးရေး အစီအစဉ်ကို လာမယ့် ၂၀၁၅ အထိ လုပ်ဆောင်ဖို့ ရှိပြီး ၂၀၁၅ မှာ မြန်မာပြည်သူတွေ မဲပေးနိုင်ခွင့်ရှိအောင် ရည်ရွယ်ပြီး ထုတ်ပေးတာလို့လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသွားတယ်လို့ ဆိုပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိခြင်းအားဖြင့် နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့် အရေးတွေ ဖြစ်တဲ့ မြေယာပိုင်ဆိုင်ခွင့်နဲ့ သွားလာခွင့်ကို  အပြည့်အ၀ ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းဒုက္ခသည်အနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ပြန်လည် စိစစ်လက်ခံဖို့ လ၀က၊ ဆေးစစ်အဖွဲ့နဲ့ ရပ်မိရပ်ဖတွေ ပါဝင်တဲ့ ကော်မတီဖွဲ့ထားပြီး မှတ်ပုံတင်မရှိသေးတဲ့သူတွေကို ထုတ်ပေးဖို့ လုပ်ဆောင်နေကြောင်း ၀န်ကြီး ဦးခင်ရီက ပြောသွားတယ်လို့ ဆိုပါတယ်။

“၀န်ကြီး ဦးခင်ရီက ဒါကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်သွားမယ်၊ လောလောဆယ် နေရာ ၃ ခု ကရင်၊ ကယားနဲ့ ရှမ်းပြည် တောင်ပိုင်း မှာလုပ်နေတယ်။ ဆက်ချဲ့လုပ်သွားမယ်ပြောတယ်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတယ်၊ ဒုက္ခသည်စခန်းမှာရှိသူတွေကို ပြန်ခေါ်မယ်ပြောတယ်။ ဒီနေ့လည်း ဦးခင်ရီနဲ့ နော်ဝေဒုက္ခသည်ကောင်စီ လက်မှတ်ထပ်ထိုးလိုက်တယ်၊ ဆက်တိုးချဲ့လုပ်သွားမှာက မွန်၊ တနသာင်္ရီ၊ ပဲခူးအရှေ့ခြမ်း ရွှေကျင်နဲ့ ကျောက်ကြီးဘက် တိုးလုပ်သွားမယ်လို့ သိရပါတယ်။”

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013