တေးသံရှင် ကေကေမိုး၏ သီချင်းသစ်-“မေမေ့ဒိုင်ယာရီ”(ရုပ်သံ)
DVB
·
June 16, 2020

“လာ... ဒါ... ဒါ... လာ... မရည်ရွယ်ပါဘဲ အမေ့ရဲ့ဒီစာအုပ်လေး… ဖတ်မိတဲ့အ တွက် တောင်းပန်တယ်… မရောက်ဖူးခဲ့တဲ့ အတိတ်မြို့ထဲ… ရောက်ရှိလို့သွားတယ်… ပုံ ပြင်လိုဘဲ အမေ့ရဲ့ဒိုင်ယာရီလေး… ကံ့ကော်ရနံ့တို့ သင်းထုံတယ်… အိပ်မက်တခုလို အ တိတ်မြို့ထဲ ရောက်ရှိလို့ သွားတယ်”
ခပ်ဆွေးဆွေးသီချင်းစာသားတွေ၊ သံစဉ်တွေနဲ့ သီချင်းတွေ သီဆိုရင်း ပရိသတ်တွေ ကြား ရေပန်းစားလာတဲ့ အဆိုတော် ကေကေမိုးရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပြီး ဒီ တခါကတော့ မြူးကြွတဲ့ ပုံစံတမျိုးနဲ့ ပရိသတ်တွေက ခံစားနားဆင်ကြရမှာပါ။
“မေမေ့ဒိုင်ယာရီ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီးတေးရေး ဆရာ ရွှေဂျော်ဂျော်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Tay Than Thar Music ကနေ တင် ဆက်လိုက်တာ ဖြစ်ပါတယ်။
“အို နှင်းဆီပန်းတွေ ပန်ပေးသူရယ်… ညနေခင်းတွေဆို လွမ်းနေသတဲ့… ပန်းတွေ နဲ့ဝေ ဇတ်ကားလေး ကြည့်ရင်လွမ်းမိမယ်… အတိတ်မြို့ဟောင်းဆီ ရောက်သွားစဉ်မယ် … ခုံတန်းပြာလေးမှာ ထိုင်ရင်းနဲ့ဘဲ… ရင်ထဲမှာ လှိုက်ခုန်သော နှလုံးသားများတွေ့တယ်”
အသက် ၂၂ နှစ်အရွယ် တေးသံရှင် ကေကေမိုးဟာ တေးသံရှင် ချောစုခင်ရဲ့ ညီမ ဝမ်းကွဲတော်စပ်ကာ “ကျွန်မ”သီချင်းနဲ့ ပရိသတ်အားပေးမှုတွေ ရရှိထားခဲ့သူဖြစ်ပြီး အဲဒီ သီချင်းနဲ့ပဲ စီးတီးအက်ဖ်အမ်ရဲ့ ရေပန်းအစားဆုံး အမျိုးသမီးတေးသံရှင်သစ်ဆုကို ရရှိ ထားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ရုပ်ရှင်ဇာတ်ဝင်တေးတော်တော်များများကိုလည်း အကောင်းဆုံး သီဆိုနေ ရသူတဦးဖြစ်ပြီး “ငါ့ကိုနမ်းတဲ့မုန်တိုင်း”ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး “မောင် မငိုရ ဘူးနော်”၊ “မှော်ကျောက်စာ”ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး “ကျေနပ်တယ်”စတဲ့ သီ ချင်းတွေဟာ ပရိသတ် လက်ခံအားပေးတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။
လတ်တလောမှာတော့ ကေကေမိုးဟာ “ကျွန်မ”အမည်နဲ့ တကိုယ်တော် တေး အယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေ တာ ဖြစ်ပါတယ်။
“ဂျပ်ဆင်ရယ် ဟိုးထိပ်က ပြာရီလလေး… နှလုံးသားထဲက အချစ်တွေနဲ့… သီချင်း လေးအတိုင်းဘဲ စောင့်နေသတဲ့… ကျောင်းပိတ်ရက်များအလယ်… မာလာဆောင်လေး ခု တော့ မောင်မလာတယ်… သီချင်းလေးကြားတိုင်း မျက်ရည်လည်… အခုထက်ထိ ပြန် ရောက်မလာခဲ့တာ ဘာကြောင့်များလဲ?တဲ့”