“အာတီတာဟာ ချဲလ်ဆီးမှာ လမ်းပတ် ကြုံတွေ့ရတာထက်ပိုပြီး ခက်ခဲပါတယ်” – ဖာဘရီဂတ်စ်

အာဆင်နယ်အသင်းမှာ အာတီတာ တာဝန်ယူရတဲ့ အခြေအနေဟာ ချဲလ်ဆီးအသင်းမှာ လမ်းပတ် တာဝန်ယူရတာထက်ပိုပြီး ခက်ခဲမှုရှိတယ်လို့ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က သုံးသပ်ပါတယ်။  အာတီတာဟာ သူ့ရဲ့ပထမဆုံးသောနည်းပြ အလုပ်အကိုင်အဖြစ် အာဆင်နယ်အသင်းရဲ့ နည်း ပြရာထူးကို ဒီဇင်ဘာလမှာ စတင်တာဝန်ယူခဲ့ပါတယ်။  အဲဒီမတိုင်ခင် ၃၈ နှစ်သားဟာ မန်စီတီးအသင်းမှာ နည်းပြ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ နည်းပြချုပ်အဖြစ် သက်တမ်းနုသေးပေမယ့် အာတီတာက သူဟာ အလားအလာရှိတဲ့ နည်းပြတဦးဖြစ်ကြောင်း အာဆင်နယ်အသင်းနဲ့ အစောပိုင်းနေ့ရက်တွေမှာ  သက်သေပြခဲ့ပြီးလည်း ဖြစ်ပါတယ်။  အာဆင်နယ်အသင်းဟာ သူတို့အသင်းခေါင်းဆောင်ဟောင်း လက်ထက် ၂၀၂၀ ခုနှစ်အစောပိုင်းမှာ ရှုံးပွဲမရှိခဲ့ဘဲ ဒီစံချိန်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲစဉ်တွေ မရပ်နားသွားခင်အထိ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။  အာတီတာနည်းတူပဲ ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင် လမ်းပတ်ဟာလည်း အသင်းဟောင်းကို  နည်းပြအဖြစ် တကျော့ပြန် ရောက်ရှိလာခဲ့သူဖြစ်ပြီး သူတို့နှစ်ဦးကြားက ကွာခြားချက်ကို လန်ဒန်ကလပ် နှစ်ခုစလုံးမှာ ကစားခဲ့ဖူးတဲ့ ဖာဘရီဂတ်စ်က အခုလို ထောက်ပြပါတယ်။  “ချဲလ်ဆီးအသင်းဘက်က လမ်းပတ်ကို  နည်းပြချုပ်ရာထူးပေးပြီး အလောင်းအစား ပြုလုပ်ခဲ့ပေမယ့် ချဲလ်ဆီးနည်းပြရာထူးဟာ သူ့အတွက် ဒုတိယမြောက်နည်းပြအလုပ် ဖြစ်ပြီးတော့ လမ်းပတ်ဟာ တော်တော်လေး ထူးထူးချွန်ချွန် စွမ်းဆောင်ပြထားတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အာတီတာကတော့ နည်းနည်းလေး ကွဲပါတယ်။ သူဟာ ဂွါဒီယိုလာနဲ့ သုံးနှစ်ကြာ လက်တွဲခဲ့ပြီးတော့ မန်နေဂျာအဆင့်ကို တက်လှမ်းတော့မယ့် တခြားလူငယ်နည်းပြတွေထက် ခေါင်းတစ်လုံး ပိုသာတယ်ဆိုတာကိုတော့ ကျနော် အာမခံနိုင်ပါတယ်။ ကျနော့်အထင် သူလည်းပဲ အရည်အချင်းတွေကို ချပြနိုင်ခဲ့ပြီးတော့ အာဆင်နယ်အသင်းအတွက် လိုအပ်နေတဲ့ တန်ဖိုးတချို့ကို ပြန်လည်ယူဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အာတီတာဟာ ချဲလ်ဆီးမှာ လမ်းပတ် ကြုံတွေ့ရတာထက်ပိုပြီး ခက်ခဲပါတယ်။ အထူးသဖြင့် အသင်းကို  ပြန်လည်တည်ဆောက်တဲ့ နေရာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ မကြာခင်အချိန်အတွင်းမှာ ပိုပြီး အသားကျလာပြီးတော့ လာမယ့်ရာသီမှာ သူတို့ ပိုကောင်းလာမယ်လို့ ကျနော် ယုံကြည်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up