ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်များကို ကျန်းမာကြံ့ခိုင်စေရန် ယောဂသင်တန်းပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ကျော်ရှိပြီး ကိုယ်ခံအား မြင့်တက်စေဖို့နဲ့ အရာရှိတွေ စိတ်ဖိစီးမှုသက်သာစေဖို့ ယောဂလေ့ကျင့်ခန်းက အားပေးမယ်လို့ မျှော်လင့်နေကြပါတယ်။ မြို့တော် ဒါကာက ရဲအရာရှိ ၂၀၀ ကျော်ဟာ ဇွန် ၁၅ ရက်က ယောဂသင်တန်းကို တက်ခဲ့ကြပါတယ်။ ဒီသင်တန်းဟာ အရာရှိတွေ ကျန်းမာတဲ့ စိတ်ဓာတ်နဲ့ အလုပ်ကို လုပ်နိုင်ဖို့ အားဖြည့်ပေးလိမ့်မယ်လို့ စီစဉ်သူ လက်ထောက် ရဲမင်းကြီး ရာဂျန်ရှာဟာက ပြောပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ရောဂါ ပြန့်ပွားအပြီး ဒါကာရဲတပ်ဖွဲ့အတွက် ပထမဆုံး ဖွင့်တဲ့ ယောဂသင်တန်းပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတွေအတွက် ယောဂသင်တန်းတွေ ပုံမှန်ဖွင့်သွားဖို့ ဒါကာ ရဲဌာနက စီစဉ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန် ၁၄ ရက်အထိ ရဲတပ်ဖွဲ့ဝင် ၇၃၅၉ ဦး ကူးစက်ခံထားရကြောင်း အတည်ပြုထားပြီး ကူးစက်ခံ ရဲတပ်ဖွဲ့ဝင် ၂၃ ယောက် သေဆုံးပြီးပြီလို့ ရဲတပ်ဖွဲ့ တရားဝင် သတင်းအချက်အလက်တွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up