စပါးနှင့်ပွဲစဉ်တွင် ပေါ့ဘာကို အရန်ခုံထားရန် နည်းပြဆိုးလ်ရှား စီစဉ်ဟု သတင်းထွက်

မန်ယူနည်းပြ ဆိုးလ်ရှားဟာ စပါးအသင်းနဲ့ပွဲမှာ  ကွင်းလယ်လူ ပေါ့ဘာကို အရန်ခုံမှာပဲထားဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။  ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ် ကွင်းလယ်အတွဲကို အသင်းပရိသတ်တွေကို ကြည့်ရူလိုပေမယ့်လည်း နည်းပြဆိုးလ်ရှားကတော့ ပေါ့ဘာကို အရန်ခုံမှာထားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။  ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ် ၈ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။  ကွင်းလယ်ပိုင်းမှာ ဘရူနိုဖာနန်ဒက်စ် ခြေစွမ်းပြနေသလို ဖရက်ဒ်၊ မာတစ်နဲ့ တွန်မီနေးတို့လည်း ရှိနေတာကြောင့် ပေါ့ဘာအနေနဲ့ အရန်ခုံမှာ ထိုင်ရဖို့ရှိနေတာပါ။  လာမယ့်သောကြာနေ့ ကစားမယ့် စပါးအသင်းနဲ့ ပွဲစဉ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး အရင်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်အတွဲကိုပဲ အသုံးပြုဖို့ နည်းပြ ဆိုးလ်ရှားက ဆန္ဒရှိနေတယ်လို့ The Athletic သတင်းမှာ ဖော်ပြခဲ့ပါတယ်။  နည်းပြဆိုးလ်ရှားဟာ  ၂ သင်း ခွဲကစားတဲ့ ပွဲစဉ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို တဖက်စီ ထားခဲ့ပေမယ့် ဝက်စ်ဘရွန်းနဲ့ ခြေစမ်းပွဲတွေမှာတော့ အတူတွဲဖက်ကစားစေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up