DVB Logo
Home
မြန်မာသတင်း
မိုးလေ၀သသတင်း
DVB
·
May 15, 2013
မိုးလေ၀သသတင်း
Donate to DVB

မိုးဇလဦးစီးဌာနမှ ၂၀၁၃ခုနှစ် မေ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် (၁၃း၀၀) နာရီ အချိန် ထုတ်ပြန်ချက်

နောက်ဆုံးတိုင်းထွာရရှိတဲ့ ခန့်မှန်းချက်အရ မေ ၁၆ ရက်နေ့ ညပိုင်းခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နဲ့ မြန်မာနိုင်ငံ မောင်တောမြို့အကြား ကမ်းခြေဒေသတွေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလက ကြေညာထားပါတယ်။

မုန်တိုင်း ကမ်းခြေကို ဖြတ်ကျော်စဉ် မောင်တောခရိုင်ကမ်းခြေတွင် မုန်တိုင်းဒီရေ အမြင့်ဆုံး ၈ ပေမှ ၁၀ ပေအထိနဲ့ စစ်တွေခရိုင် ကမ်းခြေတွင် မုန်တိုင်းဒီရေအမြင့်ဆုံး ၆ ပေမှ ၈ အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးနဲ့ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

မေ ၁၆ တွင် မဟာစင်မုန်တိုင်း  ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို ၀င်နိုင်

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိနေပြီး မေ ၁၆ ရက်နေ့မှာ  မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသတွေကို ဖြတ်ကျော် ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် မနက် ၅ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN) ဟာ မြန်မာနိုင်ငံ မောင်တောမြို့ရဲ့ အနောက်တောင်ဘက်မိုင် ၄၂၀ ခန့်၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက်မိုင် ၄၂၀ ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက်မိုင် ၄၃၀ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ ရဲ့ အနောက်တောင်ဘက်မိုင် ၄၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းရကြောင်းနဲ့ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသတွေကို ဦးတည်ရွေ့လျားနေတယ်လို့ သတင်းက ဆိုပါတယ်။

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းရကြောင်းနဲ့ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊သင်္ဘောတွေအနေနဲ့ မုန်တိုင်းအန္တရာယ်ရှောင်ရှားဖို့ လိုအပ်ကြောင်း အကြံပြုထားပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ မဟာစင် မုန်တိုင်းအန္တရာယ်ကို ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ရင်ဆိုင်ကျော်လွှားသွားမယ်လို့ မနေ့က သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာ ပြောကြားလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013