ဖိလစ်ပိုင်သမ္မတအား ဝေဖန်လေ့ရှိသည့် Rapplerဝက်ဘ်ဆိုဒ်အကြီးအကဲကို ထောင်ဒဏ်  ၆ နှစ် ချမှတ်

သမ္မတ ဒူတာတေးကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတယ်လို့ ကျော်ကြားတဲ့ ဖိလစ်ပိုင် သတင်းဝက်ဘ်ဆိုက်တခုရဲ့ အကြီးအကဲဖြစ်သူကို အွန်လိုင်းအသရေဖျက်မှုနဲ့ မနီလာ တရားရုံးတခုက  ဇွန် ၁၅ ရက်နေ့မှာ  ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။ Rappler (www.rappler.com) ဝက်ဘ်ဆိုက်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စမာရီယာရတ်ဆာကို ၂၀၁၂ မှာ ရေးခဲ့ပြီး၊ ၂၀၁၄ မှာ အသစ်ပြန်တင်ခဲ့တဲ့ ဆောင်းပါးတစောင်နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချခဲ့တာပါ။ ဒီဆောင်းပါးက အမည်မဖော်တဲ့ ထောက်လှမ်းရေး အစီရင်ခံစာတခုက သတင်းအချက်အလက်တွေကို ကိုးကားပြီး လူသတ်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးရောင်းဝယ်မှုတို့နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးသမားတဦးအကြောင်း ရေးထားတာလို့ ဆိုပါတယ်။ တရားသူကြီးက သူမကို ပြစ်ဒဏ်ချမှတ်ပြီးနောက် သတင်းလွတ်လပ်ခွင့်ကို ဒိုင်း၊ ကာအဖြစ် သုံးလို့ မရဘူးလို့ ဆိုပါတယ်။ မစ္စရက်ဆာဟာ အာမခံလျှောက်ထားခွင့် ရထားပါတယ်။ Rappler ဝက်ဘ်ဆိုက်ဟာ ၂၀၁၈ ခုနှစ်ကလည်း နိုင်ငံခြားသား ပိုင်ဆိုင်မှုဥပဒေ ချိုးဖောက်မှုနဲ့ လိုင်စင်ပယ်ဖျက်ခံရဖူးသလို၊ အခွန်ရှောင်မှုနဲ့ တရားစွဲခံထားရပြီး ဒီနှစ်မှုလုံးကလည်း တရားရုံးမှာ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up