ရန်ကုန်တိုင်း ကျောက်တံတားအမတ် ဒေါ်ကြည်ပြာ ရွေးကောက်ပွဲ ထပ်မဝင်
DVB
·
June 15, 2020
အန်အယ်လ်ဒီပါတီရဲ့ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ကြည်ပြာအနေနဲ့လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
ဒေါ်ကြည်ပြာဟာ ၂၀၁၅ ခုနှစ်အထွထွေရွေးကောက်ပွဲတုန်းက ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသူဖြစ်ပါတယ်။
သူ့အနေနဲ့ မိသားစုကိစ္စတွေ ရှိနေတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်မှာ မဟုတ်လို့ ကိုယ်စားလှယ်လောင်းလျှောက်လွှာ မတင်ထားဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ကိုယ်စားလောင်းလျှောက်လွှာတင်ရမယ့်ရက်က ဒီနေ့နောက်ဆုံး ဖြစ်ပါ တယ်။
သတင်း- ထက်ဝေအောင်