Homeရုပ်သံ
တကျော့ပြန်ထွက်ရှိလာသည့် အဆိုတော်ရှင်ဖုန်းသီချင်း “သူစိမ်းတစ်ယောက်ထက် မပိုတော့တဲ့သူ” (ရုပ်သံ)
တကျော့ပြန်ထွက်ရှိလာသည့် အဆိုတော်ရှင်ဖုန်းသီချင်း “သူစိမ်းတစ်ယောက်ထက် မပိုတော့တဲ့သူ” (ရုပ်သံ)
DVB
·
June 15, 2020
“မလွမ်းချင်ဘူး…. အတိတ်နေ့ရက်တွေကို… ပြန်သတိမရချင်ဘူး… တို့အဖြစ်အ ပျက်တွေကို… နာကျင်မေ့ပျောက်မရခဲ့တဲ့သူ… အရင်က ဝမ်းနည်းမျက်ရည်တချို့… အ ရာရာ အသစ်ပြန်မဖြစ်အောင် တောင်းဆုပြုချင်လို့”
ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ရှင်ဖုန်းရဲ့ သီချင်းသစ် တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။
“သူစိမ်းတစ်ယောက်ထက် မပိုတော့တဲ့သူ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကို တော့ မြန်မာအိုင်ဒေါတေးသံရှင် ပိုးမီက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Tay Than Thar Music ကတဆင့် ဖြန့်ချိပေးထားခဲ့တာ ဖြစ်ပါတယ်။
ရှင်ဖုန်းဟာ တချိန်ကတော့ ခပ်အေးအေး ပေါ့ပ်သီချင်းချိုချိုလေးတွေနဲ့အတူ ဂီတ လောကမှာ ထင်ရှားခဲ့သူတယောက်ဖြစ်ပြီး နာမည်ကြီးအဆိုတော် အဲလက်စ်ရဲ့ ညီမ လည်း ဖြစ်ပါတယ်။
“ရင်ခုန်မိသူ”၊ “အလိုအပ်ဆုံး”၊ “ကြင်နာသူကမ်းမယ့်လက်”၊ “မင်းနဲ့အတူတူ”စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းတွေမှာရော၊ စုံတွဲသီချင်းတွေနဲ့ပါ ထင်ရှားခဲ့တဲ့ ရှင်ဖုန်းဟာ တေးသီချင်းသစ်တွေ ထွက်မလာခဲ့တာ အချိန်ကြာနေခဲ့ပြီ ဖြစ်ပါ တယ်။
ဒါပေမယ့် သူ့ရဲ့ ထင်ရှားတဲ့ သီချင်းတွေဖြစ်တဲ့ တယ်လီဖုန်းလေး၊ အလိုအပ်ဆုံးအ ရာ၊ ကိုယ်ပိုင်တဲ့ ကိုယ့်နေရာ၊ ခုံတန်းလေး၊ အလွမ်းကွန်ရက်စတဲ့ သီချင်းတွေကတော့ သီချင်းဆိုပြိုင်ပွဲတွေမှာရော၊ ကာဗာအနေနဲ့ ပြန်လည်သီဆိုမှုတွေရော လုပ်နေကြတဲ့ သီ ချင်းတွေ ဖြစ်ပါတယ်။
“နင်ပျော်မယ်ဆို ထားခဲ့လို့ ရတယ်… ပြန်လာပါ မပြောဘူး နားလည်တယ်… အ ချစ်မရှိတော့တဲ့ ဘဝဟာ တည်ဆောက်ဖို့မလွယ်… အချိန်တန်ရင် မေ့လို့သွားမယ်… ငါ ကိုယ်တိုင် သိနှင့်နေခဲ့… မင်းသဘောအတိုင်းပါ ငါ ထားရာနေခဲ့လည်း… ဒီအချစ်တွေ ကုန်ဆုံးတဲ့အခါ… ငါဟာ သူစိမ်းတယောက်ထက် မပိုတော့တဲ့သူပါ”
ခုအသစ်ထွက်ရှိလာတဲ့ သီချင်းထဲမှာတော့ တေးသံရှင် ရှင်ဖုန်းရဲ့ တကျော့ပြန်သီ ဆိုဟန်နဲ့အတူ ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။