Home
မြန်မာသတင်း
ဟင်္သာတ​မြို့နယ်က လယ်သမားများအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း ၁၅၀၀၀၀ ကျော် ထုတ်ချေးမည်
DVB
·
June 15, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ထဲက လယ်သမားတွေအတွက် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ၂၀၂၀ ပြည့်နှစ် မိုးစပါးချေးငွေ  ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော် ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ ဟင်္သာတမြို့နယ် မြန်မာ့လယ်ယာစိုက်မှာ မေလ ၁၅ ရက်က စပြီး ၂၀၂၀-၂၀၂၁ စိုက်ပျိုးရာသီ အတွက် မိုးသီးနှံချေးငွေတွေကို ထုတ်ချေးရာမှာ ဇွန်လ ၁၂ ရက်မှာ ကျေးရွာအုပ်စုပေါင်း ၂၅ အုပ်စုကို ထုတ်ချေးပေးခဲ့ပြီးပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟင်္သာတခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ချယ်ရီတင်က "ကျမတို့ ဟင်္သာတ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေနဲ့ ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို တောင်သူတွေ စိုက်ပျိုးချိန်အမီ  အပြည့်အဝရရှိစေဖို့ ဆောင်ရွက်နေပါတယ်။ သတ်မှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျည်းစည်းကမ်းတွေနဲ့ ထုတ်ချေးပေးနေပြီးတော့ ဟင်္သာတမြို့နယ် ထဲမှာရှိတဲ့ ကျေးရွာအုပ်စု ၁၀၇ အုပ်စု အတွင်းမှာရှိသော တောင်သူပေါင်း ၁၄၅၀၀ အတွက် ကျပ် သိန်းပေါင်း ၁၅၀၀၀၀ ကျော်ထုတ်ချေးဖို့ လျာထားဆောင်ရွက်လျက်ရှိပါတယ်။"လို့ ပြောပါတယ်။ ဇွန်လ ၁၂ ရက်အထိ  ကျေးရွာအုပ်စု ၂၅ အုပ်စုမှ တောင်သူ ၂၇၀၀ အတွက် ချေးငွေ ကျပ်  ၂၅၉၀၃ ဒသမ ၅ သိန်း ထုတ်ချေးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဟင်္သာတမြို့နယ် သဲဘွက်အုပ်စုမှ တောင်သူ ဦးအေးသိန်းက "ဒီနှစ်က မိုးကျေ မိုးထုတ်ဆိုတော့ က်ေနာ္တို႔ေတြ မိုးချေးငွေကို အမြန်ဆုံးထုတ်နိုင်အောင် ချေးငွေကို ​ကြိုးစားဆပ်ကြပါတယ်။  ဆပ်ပြီးသူချေးငွေထုတ်ပေးဖို့ အစိုးရညွှန်ကြားချက်အရ ဆောင်းချေငွေအတွက် ဖိအားမရှိတော့ပဲ ဒီနှစ်ချေးငွေကို မြန်မြန်ဆန်ဆန်ရတော့ ခုလယ်ထဲမှာ ပေါင်းသတ်ဖို့ မြေသြဇာ ကျွေးဖို့ကိစ္စတွေ မြန်မြန်ဆန်ဆန်လုပ်ဖို့ အဆင်ပြေသွားတာပေါ့"လို့ ပြောပါတယ်။ ဟင်္သာတမြို့ စိုက်ပျိုးရေးလဏ်အနေနဲ့  ပြီးခဲ့တဲ့ နှစ်မိုးရာသီက မြို့နယ်အတွင်းရှိ ၉၃၁၂၄ ဧက လုပ်ကိုင်နေတဲ့ တောင်သူ ၁၄၅၁၁  ဦးကို ကျပ်  သိန်းပေါင်း ၁၃၉၀၀၀  ေက်ာ္ထုတ်ချေးခဲ့ပြီး အခုအချိန်အထိ ဆပ်ငွေ သိန်းပေါင်း ၁၁၁၈၂၅၀ ေက်ာ္ လက်ခံရရှိပြီး လက်ကျန်ငွေ သိန်းပေါင်း ၂၁၄၂၇ ကျော်ကျန်ရှိပြီး ၈၈ ဒသမ ၆ ရာခိုင်နှုန်း ပေးဆပ်ပြီးဖြစ်တယ်လို့ ဟင်္သာတခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်စာရင်းတွေ အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024