ဗြိတိန်ဘုရင်မကြီး မွေးနေ့ စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပ

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ သူ့ရဲ့တရားဝင် မွေးနေ့ကို ဇွန်လ ၁၃ ရက်မှာ ကျင်းပခဲ့ပါတယ်။ စစ်ရေးပြ အခမ်းအနားနဲ့ ကျင်းပပြီး ဝေလနယ်အစောင့်တပ်ရင်း အမှတ် ၁ က အိမ်ထောင်သည်တပ်ခွဲရဲ့ တီးဝိုင်းက သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တဲ့အပြင် စစ်သည်တွေက သရုပ်ပြခဲ့ကြပါတယ်။  မတ်လနှောင်းပိုင်းကစပြီး ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး အသွားအလာ ကန့်သတ်ထားတည်းက ပထမဆုံး တရားဝင် လူစုလူဝေးပွဲ ပေါ်လာခဲ့တာပါ။ အဲလိဇဘက်ဘုရင်မကြီး ပထမဆုံး တရားဝင် ပြည်သူ့ရှေ့ကို ထွက်လာတာလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး လူချင်ခွာနေရမယ့် ကန့်သတ်ချက်တွေ ရှိတာ ကြောင့် အခမ်းအနားကို အစဉ်အလာပုံစံနဲ့ ကျင်းပမှာ မဟုတ်ဘူးလို့ ဘက်ကင်းဟမ် နန်းတော်က ကြေညာပါတယ်။  ကမ္ဘာ့အသက်အကြီးဆုံးနဲ့ သက်ရှိထင်ရှားရှိဆဲ မင်းမျိုးတွေထဲမှာ နန်းသက် အရှည်ဆုံး ဘုရင်မကြီး အဲလိဇဘက်ဟာ ၁၉၂၆ ခုနှစ် ဧပြီလ ၂၁ရက်မှာ မွေးခဲ့တာပါ။  အသက် ၂၅ နှစ်အရွယ် ၁၉၅၂ ခုနှစ်မှာ ဘုရင်မဖြစ်လာပြီး သူ့နန်းတက်တဲ့နေ့ကို တရားဝင် မွေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူဟာ ခုဆိုရင် နန်းသက် ၆၈ နှစ် အုပ်စိုးပြီးပါပြီ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up