DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်မှဝင်သည့် ဘတ်သန်း ၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
May 14, 2013
မြန်မာဘက်မှဝင်သည့် ဘတ်သန်း ၁၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲက  မြန်မာနိုင်ငံနယ်စပ် မယ်ဆိုင်ချောင်းအနီးမှာ ဘတ်သန်း ၁ ထောင်၁ ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

မြန်မာနယ်စပ်ဘက်ကနေ မူးယစ်ဆေးဝါး အချီကြီး ၀င်ရောက်ဖို့ ရှိတယ်လို့ သတင်းရထားချက်အရ  ထိုင်းတပ်မတော် အမှတ် ၃ စစ်ဒေသရဲ့ တပ်မမှူး ဗိုလ်မှူးကြီး ထနဖွန်း ကိုးဆိုင်ဆေ၀ီးနဲ့ အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ်  မယ်ဆိုင်မြို့နယ် မယ်ဆိုင်ချောင်း တလျှောက် နယ်လှည့်စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။

[caption id="attachment_39410" align="alignleft" width="300" caption="(ဓာတ်ပုံ- မန်နေဂျာအွန်လိုင်း)"][/caption]

ဝိန်းဟွမ်ရွာနဲ့ ပါဆန်းငမ်းရွာကြား မြက်တောထဲကနေ ဆာလာအိတ် ၁ လုံးစီ ထမ်းပြီးသွားနေတဲ့ လူရွယ် ၆၊ ၇ ဦးကို စစ်ဆးဖို့အတွက် ရပ်မိန့်ပေးခဲ့ရာမှာ အထုပ်တွေ ပစ်ချပြီး မြန်မာဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်က အဲဒီဧရိယာတ၀ိုက်ကို ၀ိုင်းထားပြီး အထုပ်တွေ စစ်ဆေးကြည့်ရှုရာမှာ ရာဘနဲ့ အိုက်စ် ခေါ် ရေခဲမူးယစ်ဆေးတွေ ထည့်ထားတာ   တွေ့ရတယ်လို့ တာဝန်ရှိသူတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဆာလာအိတ် စုစုပေါင်း ၇ အိတ်ရှိပြီး စကော့တိပ် အညိုရောင်နဲ့ ပတ်ထားတဲ့ အထုပ်ပေါင်း ၁၄၄ ထုပ်၊ ၁ ထုပ်စီမှာ ရာဘအလုံးရေ ၂ ထောင်စီနဲ့ စုစုပေါင်း ရာဘ အလုံးပေါင်း ၁ သန်း ၆ သိန်း၊ ၁ ကီလိုမီတာလောက်လေးတဲ့ အိုက်စ် ခေါ် ရေခဲမူးယစ်ဆေးဝါး အထုပ်ပေါင်း ၄၃ ထုပ် တန်ဖိုးစုစုပေါင်း ဘတ်သန်းပေါင်း ၃၀၀ ဖိုး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ္စည်းတွေဟာ ထိုင်းနိုင်ငံ အတွင်းပိုင်းရောက်သွားရင် ဘတ် သန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိမယ်လို့လည်း ထိုင်းမူးယစ်ရဲတွေက ခန့်မှန်းပြောဆိုပါတယ်။

ဗိုလ်မှူးကြီး ထနဖွန်း ကိုးဆိုင်ဆေ၀ီးက ထိုင်းသတင်းဌာနကို ပြောကြားရာမှာ ဒီမူးယစ်ဆေးဝါးတွေဟာ မယ်ဆိုင်းချောင်းဒေသတ၀ိုက်မှာ လှုပ်ရှားနေတဲ့  လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးယီ့ဆေးရဲ့ အဖွဲ့ကလာတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

မူးယစ်ဆေးတွေကို အစည်းလိုက်ခွဲပြီး ထုပ်ပိုးထားတဲ့အတွက် နေရာအသီးသီးကို   ဖြန့်ဖြူးဖို့ ပြင်ဆင်ထားပုံ ရကြောင်းနဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို ထိုင်းအမျိုးသား မူးယစ်ဆေးဝါး နှိမ်နင်းရေးဥက္ကဋ္ဌ ချလိုမ်ယူဘန်းရုန်းဆီ ပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013