အာရှတေးဂီတ နိုင်ငံနယ်နိမိတ်တွေကို ကျော်ဖြတ်နေ
DVB
·
May 14, 2013
ဂျပန်အဆိုတော် ‘အီရီကို အီမိုင်’ကို ဒီနှစ်မှာ သူ့မိခင်နိုင်ငံကနေ “Mother of the Year” လို့ အမည်ပေးလိုက်ပါတယ်။ သူဟာ အသက် ၈ နှစ် ရှိပြီဖြစ်တဲ့ သူ့သားမှာ အကြားအာရုံနဲ့ ပတ်သက်ပြီး မသန်စွမ်းမှုရှိနေတာကို သိပြီးတဲ့ အချိန်ကစပြီး လက်သင်္ကေတ ဘာသာစကားကို သင်ယူခဲ့ပါတယ်။ အခုတော့သူက ဂျပန်နိုင်ငံရဲ့လက်သင်္ကေတ ဘာသာစကား တီဗွီအစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ တယောက်ဖြစ်နေပါပြီ။
မကြာခင်ကပဲ အိန္ဒိယနိုင်ငံက အကြားအာရုံ မသန်စွမ်းတဲ့ ကလေးတွေဆီ သူ့ရဲ့တေးဂီတကို မျှဝေ ပေးအပ်ဖို့ သွားရောက်ခဲ့ပါသေးတယ်။
သတင်းထောက် ဂျစ်ဗင်းဒါး ဆက်ဂဲလ် က ဂျိုင်ပူအာမြို့က သတင်းပေးပို့ထားပါတယ်။ ယုယမိုး တင်ဆက်ထားပါတယ်။