Home
မြန်မာသတင်း
မကွေးတိုင်း စာသင်ကျောင်းများတွင် ၆ ပေအကွာ သင်ကြားနိုင်ရန် စီစဉ်ထား
DVB
·
June 13, 2020
မကွေးတိုင်းအတွင်း စာသင်ကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့ တဦးနဲ့တဦး  ၆ ပေအကွာ သင်ကြားပေးနိုင်အောင် စီစဉ်ထားတယ်လို့ မကွေးတိုင်း ပညာရေးမှူးရုံးကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီးပညာရေးမှူး ဒေါ်ခင်သန်းဦးက “အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတွေကို စတင်လက်ခံပေးမှာ ဖြစ်ပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်အောင်လို့ တဦးနဲ့ တဦးကို ၆ ပေကွာ ခြားပြီးမှ သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ စာသင်ခန်း ပေ ၃၀-၂၄ ပေရှိတဲ့ စာသင်ခန်းတစ်ခုကို ကျောင်းသားဦးရေ ၂၀ သာ သင်ကြားပေးမှာမို့ စာသင်ချိန် ခွဲခြားသတ်မှတ်ရမှာပါ။ အဲဒီလို သတ်မှတ်တဲ့အခါမှာလည်း စာသင်ခန်းအကျယ်အဝန်းနဲ့ ကျောင်းသားအရေအတွက်အပေါ် မူတည်ပြီး Plan ၁၀ ချမှတ်ပြီး အကောင်ထည်ဖော်နေပါတယ်” လို့ DVB ကို ပြောပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့ စတင်ဖွင့်လှစ်မှာဖြစ်ပြီး Facility Quarantine စင်တာအဖြစ် အသုံးပြုထားတဲ့ စာသင်ကျောင်းတွေကို ဇွန် ၁၆ ရက်နေ့မှာ ပြန်လည်အပ်နှံရမှာပါ။ အဲဒီလို အပ်နှံတဲ့အခါမှာလည်း ပိုးသတ်ဆေးဖျန်း၊ သန့်ရှင်းရေးတွေ ပြုလုပ်ပြီးမှ အပ်နှံရမှာ ဖြစ်ပါတယ်။  မကွေးတိုင်းမှာ အခြေခံပညာ ကျောင်းပေါင်း ၄၄၀၈ ကျောင်းရှိကာ အခြေအနေပေါ် မူတည်ပြီး အလယ်တန်း၊ မူလတန်းအဆင့် စာသင်ကျောင်းတွေကို ထပ်မံဖွင့်လှစ်ပေးသွားမယ်လို့ တိုင်းပညာရေးမှူးရုံးက သိရပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024