ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းနှင့် ခြေစမ်းပွဲတွင် မန်ယူအသင်း ၁ ပွဲနိုင် ၁ ပွဲရှုံးနိမ့်

1K
မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲကစားခဲ့ရာမှာ ၁ ပွဲရှုံး ၁ ပွဲအနိုင်ရခဲ့ပါတယ်။
ဇွန် ၁၂ ရက်နေ့က အိုးထရတ်ဖို့ဒ်ကွင်းမှာ ဖိတ်ခေါ်ကစားခဲ့တာဖြစ်ပြီး တပွဲနဲ့တပွဲကို ၂ နာရီသာခြားပြီး ခြေစမ်းခဲ့တာပါ။
ပထမခြေစမ်းပွဲမှာ ဝက်စ်ဘရွန်းအသင်းက ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မန်ယူအတွက် ဖာနန်ဒက်စ်က ၁ ဂိုးသွင်းခဲ့ပေမယ့် ကီဗစ်ဖိလစ်နဲ့ ဇိုဟိုရာတို့က ဝက်စ်ဘရွန်းအတွက် ဂိုးတွေ သွင်းခဲ့ပါတယ်။
ဒုတိယခြေစမ်းပွဲမှာတော့ မန်ယူအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပါရဲယားက ၂ ဂိုး ပွဲပြီးခါနီးမှာ တာဟစ်ချောင်က ၁ ဂိုးသွင်းယူခဲ့ပါတယ်။
မန်ယူအသင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဘာတို့ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ မန်ယူအသင်းက စပါးအသင်းနဲ့ ဇွန် ၂၀ ရက်နေ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။