ကျောက်ကုန်းကမ်းခြေတွင် ဝေလငါး အသေ ၁ ကောင် တွေ့ရှိ
DVB
·
June 13, 2020
မာန်အောင်မြို့နယ်၊ သာယာကုန်းအုပ်စု ကျောက်ကုန်းကျေးရွာကမ်းခြေမှာ ဝေလငါး ၁ ကောင်သေဆုံးပြီး သောင်တင်နေတာကို ဒေသခံတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဝေလငါးမှာ ခန့်မှန်းအရှည်ပေ ၂၀ အလုံးပတ် ၁၀ ပေရှိပြီး ကျောက်ကုန်းကျေးရွာကမ်းခြေမှာ ဇွန် ၁၁ ရက်နေ့ ညနေပိုင်းက ဝေလငါးအသေ သောင်တင်နေတာလို့ ကျောက်ကုန်းဒေသခံ ဦးထွန်းခင်က ပြောပါတယ်။
"ဒီကမ်းခြေမှာ အရင်တုန်းက ဒီလို ဝေလငါး ပါးဒါ(သောင်တင်တာ) မတွေ့ဖူးဘူး။ အခုမှပဲ တွေ့ဖူးတယ်။ မနေ့က ညနေပိုင်း လူတွေပြောနေကြလို့ ကျနော်တို့လည်း သွားကြည့်ဖြစ်တယ်။ အရှည်က ပေ ၂၀၊ လုံးပတ်က ၁၀ ပေလောက်တော့ ရှိမယ်ထင်တယ်။ အကောင်ကတော့ နည်းနည်း ပျက်စီးနေပြီ၊ အခုအချိန်ထိလည်း ရှိနေတုန်းပဲ ရေနဲ့ ပြန်မပါသေးဘူ။"
မာန်အောင်မြို့နယ်အတွင်းမှာ မိုးဦးရာသီ ရောက်တိုင်း မကြာခဏဆိုသလို ဝေလငါး သေဆုံးသောင်တင်တာကို တွေ့ရတတ်ပြီး အရင်ကာလတွေမှာလည်း ကအီးကမ်းခြေ၊ ကမားကမ်းခြေ၊ ပြင်ကောက်ကမ်းခြေ စတဲ့ကမ်းခြေတွေမှာ ဝေလငါးကြီးတွေ သေဆုံးသောင်တာနေတာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ဦးထွန်းခင်