ဓာတ်ခွဲနမူနာ ၁၈၀၄ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ နှစ်ကြိမ်ဆက် ပိုးမတွေ့သူ ၁၅၈ ဦးကို ဆေးရုံဆင်းခွင့်ပြု

မေ ၁၂ ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှု ၁၈၀၄ ခုအား နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၁၃၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၄၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၉၈ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၂၄ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၈၀၄) ခုအား စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊  ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှုမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၆၅ ဦးထဲက ၁၅၈ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၄၂၀၀၀၀ ကျော်၊ ရောဂါသက်သာ ပျောက်ကင်းလာသူ ၃,၉ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up