DVB Logo
Home
မြန်မာသတင်း
မဟာစင်မုန်တိုင်းအတွက် ဧရာဝတီတိုင်းတွင် ပြင်ဆင်
DVB
·
May 13, 2013
မဟာစင်မုန်တိုင်းအတွက် ဧရာဝတီတိုင်းတွင် ပြင်ဆင်
Donate to DVB

မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက် တိုက်ခိုက်နိုင်ဖွယ်ရှိတာကြောင့် ရခိုင်ပြည်နယ် အစိုးရက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်ကနေ မြောက်ဘက်ကို ရှေးရှုလာတဲ့ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ ဧရာဝတီတိုင်းဘက်ကို ဦးတည်ဝင်နိုင်ဖွယ် မရှိပေမယ့်  ကြိုတင် ပြင်ဆင်မှုတချို့ လုပ်ဆောင်ထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

ရေကြောင်းသွားလာမှုတွေ ရပ်တန့်ဖို့ ကြေညာထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကတော့ ကမ်းဘေးပတ်ဝန်းကျင် ၁ နာရီ မိုင် ၅၀-၆၀ နှုန်းနဲ့ လှိုင်းကြီးမယ်ပေါ့။ ဒီလောက်ပါပဲ၊ ကျနော်တို့ဘက်လာဖို့တော့ မရှိပေမယ့် နာဂစ်ဒဏ်ထိထားတဲ့ ဒေသဆိုတော့ နည်းနည်းတော့ နိုးနိုးကြားကြား၊ သတိနဲ့နေတာပေါ့။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက အကုန်ပြန်ခေါ်ထားတယ်။ ဒီနေ့ကစပြီး ရေကြောင်းသွားလာရေး၊ ပို့ဆောင်ရေး သဘောင်္တွေ ခဏရပ်ထားတယ်။ ပုဂ္ဂလိကလိုင်းတွေတော့ ခဏရပ်ထားတယ်။ ပြည်တွင်းရေကြောင်းလိုင်းတွေ ခဏ ရပ်ထားတယ်။”

ဒီလိုမုန်တိုင်းသတင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့အောက်ဘက် ကဒုံ၊ ဧရာ အစရှိတဲ့ ရွာတွေက ရွာသူရွာသားတွေဟာ  နာဂစ်မုန်တိုင်းဖြစ်ပြီးနောက်ပိုင်း တည်ဆောက်ထားပေမယ့် မုန်တိုင်းခို Shelter တွေဆီ ပြောင်းရွှေ့နေထိုင်မှုတွေ ရှိတယ်လို့ ဧရာဒေသခံတဦးက ပြောပါတယ်။

“ကျေးရွာကလူတွေက ကြောက်ပြီး Shelter တွေဆီပြောင်းကြတယ်။ Shelter ကမုန်တိုင်းမိကာလတုန်းက တိုက်ကြီးတွေ လူ ၅၀၀-၃၀၀ ဆန့် လာဆောက်ပေးထားတာ ရှိတယ်လေ။ ငပုတ်သင်တန်းဆိုရင် တဖက်က သစ်တောကိုပြောင်းကြတယ်။ ဧရာမှာဆို ကျောက်တာကုန်းရွာကိုပြောင်းကြတယ်။ အဲလိုပြောင်းကြတယ်။ မိုးလေ၀သဌာနကို သူတို့က သတင်းလှမ်းမေးတော့ မုန်တိုင်းဝင်၊ မ၀င် အသေအချာပြောလို့မရဘူးတဲ့။ ကိုယ့်အသက်ကိုယ်နှမြောရင် နီးစပ်ရာရွှေ့ထားကြလို့ ပြောလိုက်တော့ အကုန်ရွှေ့ကြတယ်။”

လပွတ္တာမြို့နယ်မှာတော့ သတိပေးတာမျိုးမရှိဘဲ ရေဒီယိုကနေ ကြေညာတဲ့ သတိပေးချက်သာရှိသေးတယ်လို့ ပြောပါတယ်။ ပုသိမ်မြို့မှာတော့ ဒီမုန်တိုင်းသတင်းကြောင့် မြို့သူမြို့သားတွေနဲ့ ခရီးဝေးသွားမယ့်သူတွေ ရှောင်နေကြတယ်လို့ ပြောပါတယ်။

“ခရီးဝေးသွားမယ့်အနေအထားတွေ ရှောင်ကြတယ်။ ငပုတောဘက်လည်း သဘောင်္လိုင်းတွေရပ်ထားတယ်။ မိုးလေ၀သ သတင်း တီဗွီမှာ ကြေညာတာ မေ ၁၅ နဲ့ ၁၆ လို့ ပြောတယ်။” Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013