မိုရီဆာကီဝင်း၏ PARADE သီချင်းခွေ ဇူလိုင် ၁ ရက်နေ့ စတင်ဖြန့်ချိမည်

မြန်မာပြည်သူတွေရဲ့ အသည်းကျော် ဂျပန်အခြေစိုက် အနုပညာရှင် မိုရီဆာကီဝင်းဟာ Columbia international ကုမ္ပဏီမှ ပထမဦးဆုံးပွဲဦးထွက် Sigle အယ်လ်ဘမ်အဖြစ် PARADE သီချင်းခွေကို ဇူလိုင် ၁ ရက်နေ့မှာ စတင်ဖြန့်ချိမယ်လို့ အဆိုပါကုမ္ပဏီက ဇွန်လ ၁၀ ရက်နေ့မှာ ကြေညာပါတယ်။ ဒီသီချင်းခွေကို ဂျပန်၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ နိုင်ငံပေါင်း ၁၅၀ ကျော် ကို ဖြန့်ချိမယ်လို့လည်း သိရပါတယ်။ မြန်မာ-ဂျပန်နှစ်နိုင်ငံလုံးရဲ့ တီဗွီနဲ့ ရုပ်ရှင်လောကမှာ ထင်ရှားအောင်မြင်မှုရနေတဲ့ အသက် ၂၉ နှစ်အရွယ် မိုရီဆာကီဝင်းဟာ ၂၀၁၈ ခုနှစ်ကလည်း နာမည်ကြီးဒါရိုက်တာ Steven Spielberg ရဲ့ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up