ကိုဗစ်-၁၉ လူနာသစ် ၁ ဦး ထပ်တွေ့ဟု ပရီးမီးယားလိဂ်အတည်ပြု

ပရီးမီးယားလိဂ်က ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ လိဂ်တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။  ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ဖို့ ၁ ပတ်ခန့်အလိုမှာ ကနဦးစစ်ဆေးပြီးသား ကစားသမားတွေထဲကနေ ပိုးရှိသူ ၁ ဦးထပ်တွေ့တာပါ။  ပရီးမီးယားလိဂ်အသင်းတွေက ကစားသမား နဲ့ ဝန်ထမ်း စုစုပေါင်း ၁၂၁၃ ဦးကို ဇွန် ၈ ရက်နဲ့ ၉ ရက်နေ့တွေက စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဘယ်အသင်းက   ကစားသမား ဒါမှမဟုတ် ဝန်ထမ်းမှာ ပိုးတွေ့ရှိတယ်ဆိုတာကိုတော့ ပရီးမီးယားလိဂ်က ကန့်သတ်ထားပါတယ်။  ပြီးခဲ့တဲ့ ၁ ပတ်ကလည်း စုစုပေါင်း ၁၁၉၅ ဦးကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့ရှိခြင်းမရှိခဲ့ပါဘူး။  ပထမဆုံးအကြိမ်စစ်ဆေးမှုကနေ လက်ရှိအချိန်အထိ စုစုပေါင်း ၇၄၈၇ ဦးကို စစ်ဆေးခဲ့ရာမှာ ၁၄ ဦး မှာ ပိုးတွေ့ရှိခဲ့ပါတယ်။  ပရီးမီးယားလိဂ်အသင်းတွေအားလုံးဟာ ပုံမှန်အတိုင်းလေ့ကျင့်ခန်း ပြန်ဆင်းနေကြပြီး ပြိုင်ပွဲကိုတော့ လာမယ့်ဇွန် ၁၇ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up