စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရပြီး ကျပ် သိန်း ၁၈၀၀ ပါသွား
DVB
·
June 10, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျည်းပင်ကြီးရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ၂ ကို ဒီကနေ့ ညနေ ၄ နာရီကျော်က ဓားပြတိုက်ခံခဲ့ရပြီး ကျပ်သိန်း ၁၈၀၀ ပါသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဘဏ်ပိတ်ချိန်မှာ ဘဏ်ရဲ့အနောက်ပေါက်ကနေ ပစ်ကပ်ကားနဲ့ လူ ၄ ယောက်က ဓားတွေကို ပုဆိုးနဲ့ ဆာလာအိတ်ထဲထည့်ဝင်လာပြီး အထဲရောက်မှ ထုတ်ကာ ခြိမ်းခြောက် ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။
သူတို့နဲ့အတူ ဘဏ်မှာရှိတဲ့ ငွေကျပ် သိန်း ၁၈၀၀ နီးပါးလောက် ပါသွားတယ်လို့ သိရပြီး ဖမ်းမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဆောင်ရွက်တဲ့အခါမှာ ကားနဲ့ လူ ၁ ယောက်ကို ဖမ်းမိပြီး ကျန်တဲ့ ၃ ယောက်က ဖမ်းဆီးနိုင်ရေးဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဖမ်းမိထားတဲ့သူကို စစ်ဆေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ- တပ်မတော်