DVB Logo
Home
မြန်မာသတင်း
တရားမ၀င် မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
May 13, 2013
တရားမ၀င် မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးရမိ
Donate to DVB

ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မေ ၁၂ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

အမျိုးသမီးငယ် ၁၀ ဦး အပါအ၀င် အသက် ၂၀ ကနေ ၃၅ နှစ်ကြား လူငယ်လူရွယ် ၁၀၀ ကျော်ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ့်ကစ်ကျေးရွာက မယ့်ကာဆာတောထဲမှာ ဖမ်းဆီးရမိခဲ့တာလို့ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး နိုင်းပရီချား ကျိုင်ဖစ်က ထိုင်းသတင်းဌာနကို ပြောပါတယ်။

သူတို့ကို ဦးဇော်ထွန်း (အသက် ၄၀) နှစ် က  ဦးဆောင် ခေါ်လာခဲ့တာလို့ ကာယကံရှင်က ၀န်ခံပြောဆိုခဲ့ပြီး နောက်ထပ်  ပါဝင်ပတ်သက်သူ ထိုင်းလူမျိုးတဦးကတော့ ထွက်ပြေးသွား တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။

တရားမ၀င်သူများ ရှာဖွေဖမ်းဆီးရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ပြောကြားချက်အရ  သူတို့တွေ ၀င်ရောက်ဖမ်းဆီးချိန်မှာ ခေါင်းဆောင်လို့ ယူဆရတဲ့  ထိုင်းလူမျိုးတဦး လက်နက်ကိုင်ဆောင်ပြီး တောထဲမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေကတော့ ဆာလောင်မွတ်သိပ်နေပုံရပြီး ၃၁ မိုင်ကျော် (၅၀ ကီလိုမီတာ) ဝေးတဲ့ ကမ်ဖိုင်ဖစ်ခရိုင်ထဲကို  တောလမ်းခရီးကနေ ၂ ရက်ကြာ   ခြေကျင်လျှောက် လာနေကြတာဖြစ်ကြောင်း၊  သူတို့ကို ပွဲစားက မယ့်လမောကျေးရွာအုပ်စု ဟွေ့ပလာလွတ်ရွာမှာ လာကြိုမှာဖြစ်ကြောင်း၊ ဒီလိုလာရဖို့အတွက် တဦးကို ဘတ်ငွေ ၄ ထောင်ကနေ ၉ ထောင်အထိ ပွဲစားကို ပေးရကြောင်း သတင်းဌာနကို ပြောသွားပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကလည်း မဲဆောက်မြို့နယ် မယ်ပ ရပ်ကွက်ထဲမှာ တရားမ၀င် ၀င်ရောက်နေထိုင်သူပေါင်း ၁၂၀ ဦးကို ထိုင်းလ၀က ရဲတပ်ဖွဲ့က ဖမ်းဆီးရ မိခဲ့တယ်လို့ ချယ်လ်နယ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။

တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ရုံး ညွှန်ကြားရေးမှူး ရဲမှူးကြီး ဖုန်းဆနခွန်း နခွန်းဆန်တိဖပ်က “ကျနော်တို့ဝင်ရောက်သွားချိန်မှာ လူတွေအားလုံး ထွက်ပြေးကြပြီး လိုက်လံဖမ်းဆီးရာမှာ စုစုပေါင်း လူ ၁၅၀ ဖမ်းမိခဲ့တယ်။ နေထိုင်ခွင့် အထောက်အထားတွေ စစ်ဆေးတာမှာ လူ အယောက် ၃၀ သာ တရားဝင် နိုင်ငံကူးလက်မှတ်ရှိပြီး ကျန်တဲ့ ၁၂၀ က ဘာအထောက် အထားမှမရှိကြောင်း၊ ဒါကြောင့် သူတို့အားလုံးကို ဖမ်းထားပြီး တရားဥပဒေအရ အရေးယူပြီးရင် နေရင်းနိုင်ငံပြန်ပို့ဖို့စီစဉ်နေတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013