A d v e r t i s e m e n t With Us

မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ

မုန်တိုင်း သတိပေးချက်ရရင် ဆောင်ရွက်ရမယ့် အချက်တွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။ ၁။ ရေဒီယိုဖွင့်ပြီး သတင်းကို နားထောင်ပါရန်။ ၂။ ငါးဖမ်းထွက်ခြင်း၊ ရေလမ်းခရီးထွက်ခြင်းမှာ ရှောင်ကြဉ်ပါရန်။ ၃။ သောက်ရေ၊ ဆေးဝါးနဲ့ ချက်လွယ် ကျက်လွယ်သော ရိက္ခာ ၇ ရက်စာတို့ကို အသင့် ပြင်ဆင် ထုပ်ပိုးထားပါ။ ၄။ လက်နှိပ်ဓာတ်မီးနဲ့ ဖယောင်းတိုင် အသင့်ထားပါ။ ၅။ အရေးကြီး စာရွက်စာတမ်းများကို ရေစိုခံအိတ်ထဲတွင် ထည့်ထားပါ။ ၆။ စပါး၊ ပဲကဲ့သို့ မျိုးစေ့များကို ပလတ်စတစ်အိတ်မှာ လုံခြုံအောင်ထည့်ပြီး ကုန်းမြေမြင့် တနေရာ တွင် မြေမြှုပ်ပါ။ ၇။ အိမ်နဲ့ အမိုး ခိုင်ခံ့ပါက ထိုအိမ်တွင်သာ ခိုလှုံပါ။ ၈။ ရေလွှမ်းမိုးမည်ဟု ထင်ရသောနေရာမှ မုန်တိုင်းခိုနေရာများသို့ ကျွဲ၊ နွားများနဲ့ အတူ အလျင်အ မြန် ပြောင်းရွှေ့ပါ။ ၉။ မိသားစုများ တဦးစီ ကွဲသွားသည်အခါ ပြန်ဆုံတွေ့နိုင်မည် နေရာ ကြိုတင် သတ်မှတ်ထားပါ။ ၁၀။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များနဲ့ မကျန်း မာသူများအား ခိုအောင်းရမည်နေရာသို့ ဦးစားပေး ပို့ဆောင်ပါ။

A d v e r t i s e m e n t With Us

More News
Up