ရွာသာကြီး Quarantine ဝင် စင်ကာပူပြန် ၉၆ ဦးလုံး ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့
ညီငယ်
·
June 10, 2020

စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းစတဲ့ လေးနိုင်ငံက ပြန်လာသူတွေကို လက်ခံထားတဲ့ ရွာသာကြီး စီးပွားရေးတက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ စင်ကာပူပြန် ၉၆ ယောက်လုံးရဲ့ ဓာတ်ခွဲနမူနာတွေစစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ကြောင်း စင်ကာပူက ပြန်လာသူတွေက ဒီဗွီဘီကို ပြောပါတယ်။
မေလ ၂၁ ရက်နေ့က စင်ကာပူကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပဉ္စမအသုတ်ရောက်ရှိလာတဲ့ ၁၄၅ ယောက်ထဲက ၉၆ ယောက်ဟာ ရွာသာကြီး စီးပွားရေးတက္ကသိုလ်မှာ Quarantine ဝင်ပြီး ကျန်တဲ့သူတွေကတော့ Hotel Quarantine ဝင်တာဖြစ်ပါတယ်။
ရွာသာကြီး စီးပွားရေးတက္ကသိုလ် Quarantine ဝင် ၉၆ ယောက်ကို မေလ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဇွန်လ ၈ ရက်နေ့ကတစ်ကြိမ် ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ နှစ်ကြိမ်လုံး Negative ပြခဲ့တာဖြစ်ကြောင်း စင်ကာပူပြန်တွေကပြောပါတယ်။
သူတို့အနေနဲ့ ဇွန်လ ၁၁ ရက်နေ့မှာ Quarantine ၂၁ ရက်ပြည့်မြောက်မှာဖြစ်ပြီး ၁၂ ရက်နေ့မှာ သူတို့နေရပ်အသီးသီးကိုပြန်ရမှာ ဖြစ်ပါတယ်။