သူရ ဦးရွှေမန်း၏ UBP ပါတီ မြို့နယ်  ၂၅၀ ကျော်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်ထောင်စု ကောင်းကျိုးဆောင် (UBP) ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ “မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါမယ်။ ကိုယ်စားလှယ်ကတော့ ၉၀၀ နဲ့ ၁၀၀၀ ကြားလောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်”လို့ သူရဦးရွှေမန်းက ပြောပါတယ်။ ပါတီအနေနဲ့ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ရုံးခွဲတွေဖွင့်လှစ်ထားပြီး ရပ်ကွက် ကျေးရွာ အုပ်စုပေါင်း ၈၀၀၀ ကျော်မှာလည်း ရုံးခွဲတွေ ဖွင့်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပသွားမယ်လို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up