ဆမီးစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည်များ  (ဓာတ်ပုံ) 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ  တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ ၃၀၀၀ လောက် ဆမီးမြို့မှာ စစ်ဘေးတိမ်းရှောင် ခိုလှုံနေကြရပါတယ်။ လတ်တလော ဆမီးမြို့မှာ စစ်ဘေးရှောင်စခန်း ၄ ခု ဖွင့်လှစ်ထားပြီး စစ်ဘေးရှောင် အိမ်ထောင်စု  ၆၉၃ စု၊  အမျိုးသား  ၁၃၉၁ ဦး၊   အမျိုးသမီး ၁၅၅၇ ဦး  စုစုပေါင်း ၂၉၄၈ ဦး ရောက်ရှိ နေကြပါတယ်။ လူဦးရေ ၁ သိန်းကျော်သာရှိတဲ့  ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေကြောင့် လူဦးရေ ၆၀၀၀၀ လောက် စစ်ဘေးသင့်နေသလို လူဦးရေ ၉၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေပြီး ပလက်ဝမြို့ပေါ်၊ ဆမီးမြို့နဲ့ မီးဇာကျေးရွာတွေရှိ  စာသင်ကျောင်း၊ ဘာသာရေးကျောင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာလည်း နေထိုင်နေကြပါတယ်။ တိုက်ပွဲကြောင့် ဒုက္ခရောက်နေတဲ့  ချင်း တိုက်ပွဲရှောင်ပြည်သူတွေအရေးနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်ဝန်ကြီးက  ဦး ဆောင်ကာ ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီက ကူညီပေးနေပေမဲ့ တိုက်ပွဲရှောင်တွေအတွက် နေစရာ၊ စားစရာတွေ အရေးပေါ် လိုအပ်နေပါတယ်။ Photo - Salai Kyaw Moe Htun / MPA 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up