ဇွန်လလယ်အထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်အထိ အခမဲ့ပေးမည်
DVB
·
June 10, 2020
ဇွန်လ ၁ ရက်ကနေ ၁၅ ရက်အထိ ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်အထိကို ငွေးကြေးကောက်ခံမှု ကင်းလွတ်ခွင့်ပေးသွားမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် မေလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အမိန့်၊ အမိန့်ကြေညာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်တွေကို ဇွန်လ ၁၅ ရက်နေ့အထိရက် တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားတာကြောင့် ခုလို ကင်းလွတ်ခွင့် ပေးလိုက်တာလို့ဆိုပါတယ်။
ကင်းလွတ်ခွင့်ပေးရာမှာ ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု အတွက်သာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ၇၆ ယူနစ်နဲ့အထက် သုံးစွဲတာတွေကိုတော့ အလွှာအလိုက် သတ်မှတ်ချက်နှုန်းထားတွေအတိုင်း ပေးဆောင်ရမယ်လို့ ဆိုပါတယ်။