ရန်ကုန်နှင့် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့ 

ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ  ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦး ထပ်မံ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည သတင်းထုတ်ပြန်ပါတယ်။ လူနာသစ် နှစ်ဦးအနက် တစ်ဦးက  ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်က အသက် ၃၀ အရွယ် အမျိုသား တစ်ဦးဖြစ်ပြီး အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တာမရှိသလို  ပြည်ပကိုခရီးသွားခဲ့တာမရှိဘဲ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။ နောက်တစ်ဦးကတော့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ အသွားအလာကန့်သတ်ခံထားရတဲ့ အိန္ဒိယပြန် အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပါတယ်။  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၅၃၇) ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၆) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - Mdy) မှ ဓာတ်ခွဲနမူနာ (၁၈၈) ခုနဲ့ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၃၉) ခု၊  စုစုပေါင်း (၁,၀၇၀)ခု ကို စစ်ဆေးပြီးစီးခဲ့ရာမှာ  လူနာသစ် နှစ်ဦးတွေ့ရှိရတာဖြစ်ပါတယ်။ ဇွန်လ ၉ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာ ၂၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါကင်းစင်သူ ၁၅၉ ဦးနဲ့ ဆေးရုံကဆင်းခွင့်ပြုသူ ၁၄၅ ဦး ရှိသွားပြီဖြစ်ပါတယ်။ Photo-MOHS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up