A d v e r t i s e m e n t With Us

တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေး

အလုပျရုံဆှေးနှေးပှဲ နောကျဆုံးနွေ့မငျကှငျး
မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်တဲ့ ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲကနေ တရားဥပဒေ စိုးမိုးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေ၊ အခြေခံဥပဒေဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ရှေ့နေ ဦးကိုနီက ပြောပါတယ်။ မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့  သက်ဆိုင်တဲ့ ဒီမိုကရေစီ (Myanmar constitutional Democracy) အလုပ်ရုံဆွေးနွေးပွဲမှာ  ဩစတြေးလျနိုင်ငံက လွှွှတ်တော်အမတ်တွေ၊ ပညာရှင်တွေနဲ့ တပ်မတော်သား၊ တိုင်းရင်းသား လွှတ်တော်အမတ်တွေ အပါအ၀င် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံရေး အာဏာတွေကိုခွဲဝေတာ၊ အပြန်အလှန်ထိန်းညှိတာတွေရဲ့ဆက်စပ်မှုတွေကို ပါမောက္ခတဦးက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း၊ ကမ္ဘောဒီးယား အတွေ့အကြုံ၊ ဇင်ဘာဘွေမှာ မအောင်မြင်မှုတွေနဲ့ အမှားကိုကျူးလွန်သူက အမှားကိုတောင်းပန်ဖို့ ခက်ခဲပြီး အချိန်အတော်ယူရတဲ့အကြောင်းအရာ စတာတွေကို ပါမောက္ခတဦးက ဟောပြောခဲ့တယ်လို့လည်း ဦးကိုနီက ပြောပါတယ်။ [caption id="attachment_39331" align="alignleft" width="300" caption="အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့မြင်ကွင်း"][/caption] ဒီအလုပ်ရုံဆွေးနွေးပွဲကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်လာသလို တပ်မတော်သား တိုင်းရင်းသား လွှတ်တော်အမတ် အနည်းဆုံး ၁၅ ဦးနဲ့ အတိုက်အခံ နိုင်ငံရေး ပါတီတွေလည်း တက်ရောက်တဲ့ အတွက် အကျိုးရှိနိုင်တယ်လို့ ဦးကိုနီက ပြောပါတယ်။ “ကျနော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပျက်ပြားနေတာ နှစ် ၅၀ လောက်ရှိပြီ။ ဒါကို ပြန်လည်တည်ဆောက်ဖို့ အရေးကြီးနေတဲ့ အချိန်မျိုးမှာ သူတို့ အခုလို ပြောပြတယ်။ ဒီမှာတက်တာလည်း ပါလီမန်အမတ်တွေ အတော်များတဲ့အတွက် တော်တော်လေး အကျိုးလည်းရှိ၊ သက်ရောက်မှုရှိတယ်လို့ ယူဆတယ်။ နောက် အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်း အားထုတ်နေချိန်ဖြစ်တော့ ဒီမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း ပါတယ်။ အစိုးရ လက်ရှိအာဏာရပါတီက အမတ်တွေလည်းပါတယ်၊ တခြား အတိုက်အခံအမတ်တွေက လူတွေလည်းပါတော့ ဒီစကားတွေဟာ ဒီလူတွေရဲ့ ရင်ထဲအသဲထဲရောက်သွားရင်တော့ ရှေ့သွားမယ့် မြန်မာပြည်ရဲ့ အနာဂတ်အတွက် အတော်အတန် အထောက်အကူပြုမယ်လို့ ယူဆတယ်။” အရင်ရက်ပိုင်း အလုပ်ရုံဆွေးနွေးပွဲတုန်းက မြန်မာနိုင်ငံနဲ့ဆက်နွယ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက် အုပ်ချုပ်ရေးကို ကူးပြာင်းတဲ့ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ လူ့အခွင့်အရေးကိစ္စတွေကို ဆစ်ဒနီ ဥပဒေကျောင်းပညာရှင်တွေက ဆွေးနွေးခဲ့ပါတယ်။ မေ ၈ ရက်နေ့ကနေ ၁၀ ရက်အထိ ၃ ရက်ဆက်တိုက် ရန်ကုန်မြို့ Micasa Hotel မှာ ကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဩစတြေးလျနိုင်ငံ ဆစ်ဒနီ ဥပဒေကျောင်းက ပညာရှင်တွေ၊ လွှတ်တော်အမတ်တွေက ကမကထပြု ကျင်းပတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up