ရှမ်းပြည်နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်း ၄၉ ဦးကို အခြေခံစားသောက်ကုန် ထောက်ပံ့
DVB
·
June 9, 2020
ကိုဗစ်-၁၉ ရောဂါကပ်ဘေး အကျပ်အတည်းကာလမှာ ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့က ဇွန်လ ၈ ရက်က အခြေခံစားသောက်ကုန်နဲ့ ငွေသားကျပ် ၅၀၀၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း ရှမ်းပြည်နယ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ၄၉ ဦးရှိတဲ့ အနက် ၁၈ ဦးက ကွယ်လွန်သွားပြီဖြစ်ပြီး ကျန်ရှိမိသားစုတွေကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အဝေးရောက် နိုင်ငံရေး အကျဉ်းသားဟောင်း တွေကိုလည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
နိုင်ငံရေးသမားအနေနဲ့ မပြီးဆုံးသေးတဲ့ အန္တိမပန်းတိုင်ကို ဆက်လက်ကြိုးပမ်းဖို့ ရှစ်လေးလုံး ဆရာတော် ဦးခေမာနန္ဒ ကမိန့်ကြားခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းကိုထောက်ပံ့နိုင်ဖို့ မေလ ၈ ရက်နေ့က ရှမ်းပြည်နယ်အစိုးရဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေက ကိုယ်ပိုင်ဝင်ငွေနဲ့ အလှူငွေထည့်ပြီး မတည်ပေးခဲ့ကာ ရှစ်လေးလုံး ဆရာတော် ဦးခေမာနန္ဒကလည်း မတည်ငွေပေးအပ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကို ငွေကျပ် ၅၀၀၀၀ ၊ ဆန် ၃ ပြည်ပါ ဆန် ၁ အိတ်၊ ဆီ၊ ဆား၊ ကုလားပဲနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
သတင်း- ခွန်ရာဇာ