ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံတွင် စေတီငါးဆူ ဌာပနာဖောက်ခံရ
DVB
·
June 9, 2020
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံမှာ ဇွန် ၈ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်က စေတီ ၅ ဆူ ဌာပနာ ဖောက်ထွင်းခံရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ပုဂံဒေသခံ ဧည့်လမ်းညွှန်အသင်း ပူးပေါင်းအဖွဲ့က ဘုရားတွေကို လိုက်လံစစ်ဆေးစဉ် တောင်ဘီကျေးရွာအုပ်စု ရွာဟောင်း၊ ကျေးဘုရားအုပ်စုရှိ စေတီအမှတ် ၁၈၈၂၊ ၁၈၇၇၊ ၁၈၇၅၊ ၁၈၉၃ နဲ့ ၁၈၉၇ တို့က ဌာပနာကွမ်းတော်တွေမှာ ၆ လက်မဝန်းကျင်ရှိ အပေါက်တွေ ဖောက်ထွင်းထားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဦးစီးအရာရှိက တရားလိုပြုတိုင်တန်းထားပြီး ပုဂံမြို့သစ် နယ်မြေစခန်းမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)