ဘင်္ဂလားဒေ့ရှ်က ပြန်လာသူနောက်ထပ် ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိ
DVB
·
June 8, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကိုဗစ်-၁၉ လူနာသစ်တစ်ဦးထပ်ပြီး စစ်ဆေးတွေ့ရှိ ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါလူနာသစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လာတဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသား တစ်ဦးဖြစ်ပြီး မောင်တောမြို့နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။
ဇွန်လ ၄ ရက်နေ့ကလည်း မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကနေ တရားမဝင် ပြန်လာတဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၄၄၆)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၁) ခု နဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - MDY) မှ ဓာတ်ခွဲနမူနာ (၁၆၉) ခု စုစုပေါင်း (၈၁၆)ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် တစ်ဦးတွေ့ရှိရတာပါ။
မေလ ၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂၄၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၅၉ ဦးရှိပြီး ဒီအထဲက ၁၃၈ ဦး ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
Photo- MOHS