Home
သတင်းတို
မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဥပဒေပေါင်း ၂၉၀ ကျော် ဖတ်ရှုနိုင်ပြီ
DVB
·
May 10, 2013
ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုက်စာမျက်နှာမှာ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ ဥပဒေပေါင်း ၂၉၀ ကျော်ကို အများပြည်သူ လေ့လာနိုင်ဖို့ ဒီကနေ့ လွှင့်တင်လိုက်ပါတယ်။ ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုက်မှာ လေ့လာကြည့်ရှုလို့ရနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းချက်တွေဟာ ကိုလိုနီခေတ်နောက်ပိုင်းက ထွက်ပေါ်လာတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက်နဲ့ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်လက်ထက် ရေးဆွဲထားတဲ့ ဥပဒေအကြောင်းအရာတွေကို လေ့လာ ဖတ်ရှုရယူနိုင်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍအလိုက်၊ အစိုးရအလိုက် ရေးဆွဲထားတဲ့ ဥပဒေတွေကို ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ပေါ်မှာပဲ အခမဲ့ ဒေါင်းလုဒ် ရယူနိုင်မှာပါ။ အွန်လိုင်းပေါ်မှာဖတ်ရှုလို့ ရနေပြီဖြစ်တဲ့ ဥပဒေပြဋ္ဌာန်းချက်ပေါင်း ၂၉၀ ကျော်အပြင် ကျန်ရှိနေသေးတဲ့ ဥပဒေတွေကိုပါ ဆက်လက်ဖြည့်စွက်ပေးသွားဖို့ စီစဉ်နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024