Home
ရင်ဖွင့်စာ/ပေးစာ
သရက်ချောင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း တာဝန်လွှဲပေးပါ
DVB
·
May 10, 2013
တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာ လွှတ်တော်အမှတ် ၁ အရ တပြည်လုံးမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ရွေးခဲ့ကြတာ အခုအခါဆိုရင် အုပ်ချုပ်ရေးမှူးအသစ် အားလုံးလိုလိုကို တာဝန်ပေး အပ်နှင်းပြီး ဖြစ်ပါတယ်။ သရက်ချောင်းမြို့နယ် မော်ရှည်ကုန်းရပ်ကွက်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၃၊ ဖေဖော်ဝါရီ ၂ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခဲ့ရာ လူထုမဲဆန္ဒနဲ့ အရင်အုပ်ချုပ်ရေးမှူးဟောင်းကို ရပ်ကွက်ထဲက ဦးမျိုးချစ်က ၉ မဲ၊ ၈ မဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးဟောင်းက ဒီနေ့အထိ တာဝန်တွေကို လွှဲပြောင်းပေးခြင်း မရှိသေးပါ။ သရက်ချောင်းမြို့နယ်အတွင်း တခြားကျေးရွာတွေမှာ ရွေးချယ်ပြီးစီးသွားပေမယ့် ကျနော်တို့ ရပ်ကွက်တခုသာ ကျန်ရှိနေပါတယ်။ ဒီနေ့အထိ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကလည်း တာဝန်တွေကို လွှဲမပေးဘဲ အချိန်ဆွဲထားတဲ့အတွက် ရပ်ကွက်သားတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ နောက်ပြီး ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး နောက်ကျနေပါတယ်။ ကြာရင် ဟိုဘက်၊ ဒီဘက် အုပ်စုတွေ ကြီးထွားလာပြီး ပြဿနာကြီးလာတော့မှာကို မြင်နေရတဲ့အတွက် လွှတ်တော်ဥပဒေအတိုင်း သက်ဆိုင်ရာက အချိန်မီ လာရောက် ရှင်းလင်းပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ မော်ရှည်ကုန်းရပ်ကွက်သား တဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024