အပူပိုင်းမုန်တိုင်းကြောင့် အမေရိကန်ပြည်နယ် ၂ ခုတွင် မိုးသည်းထန်စွာ ရွာသွန်း

1.2K
အပူပိုင်းမုန်တိုင်း ခရစ္စတိုဘယ်လ်ဟာ အမေရိကန်နိုင်ငံ မက္ကဆီကို ပင်လယ်ကွေ့တလျှောက် ရွေ့လျားနေလို့ လူဝီစီယားနား ပြည်နယ်ကနေ ဖလော်ရီဒါ ပြည်နယ်တလွှား ကျွန်းဆွယ်တလျှောက် မိုးသည်းသည်းထန်ထန် ရွာခဲ့ပါတယ်။
ဒါကြောင့် လူဝီစီယားနားပြည်နယ်အရှေ့တောင်ပိုင်းက မြို့အတော်များများနဲ့ ဒါဇင်ချီတဲ့ ကမ်းလွန် ရေနံတူးစင်တွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
၁ နာရီ လေတိုက်နှုန်း မိုင်ငါးဆယ်ရှိတဲ့ မုန်တိုင်းဟာ ပိုအားကောင်းလာပြီး လူဝီစီယားနား ကမ်းရိုးတန်းကနေ ကုန်းတွင်းကို တနင်္ဂနွေ နှောင်းပိုင်းမှာ ဝင်ရောက်မယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းဌာန NHCက ပြောပါတယ်။
မုန်တိုင်းဒီရေက လေးပေထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားလို့ လူဝီစီယားနား ကမ်းရိုးတန်းက မစ္စစ္စပီ မြစ်ကမ်းကနေ မော်ဂန်မြို့ထိ ကြားထဲက မြို့တွေမှာ လူတွေ ဘေးလွတ်ရာ ရွှေ့ဖို့ အမိန့်ထုတ်ထားပါတယ်။
မုန်တိုင်းဟာ ဟာရီကိန်းအဆင့်ထိ အင်အားကြီးလာနိုင်ပြီး ပင်လယ်ကွေ့ ကမ်းရိုးတန်း အလယ်ပိုင်းမှာ ရုတ်တရက် ရေကြီးနိုင်ကာ လူဝီစီယားနားကမ်းရိုးတန်းမှာ မိုးရေချိန် လေးလက်မ ကနေ ၈ လက်မထိ ရွာနိုင်တယ်လို့ NHC က ဟောကိန်းထုတ်ထားပါတယ်။