DVB Logo
Home
သတင်းတို
နိုင်ငံပိုင်သတင်းစာများ အမြတ်ထွက်
DVB
·
May 10, 2013
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ The New Light of Myanmar သတင်းစာ ၃ စောင် အပါအ၀င် သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းဟာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ အမြတ်ငွေ ၂ ဘီလျံကျော် ရခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

အစိုးရဟာ ၀ါဒဖြန့်ချိရေးအတွက် သတင်းစာတွေကို အရှုံးခံပြီး ထုတ်ဝေနေတယ်ဆိုတဲ့ ဝေဖန်ချက်အပေါ် ဦးရဲထွဋ်က ပြန်လည်ရှင်းလင်းတာ ဖြစ်ပါတယ်။ သတင်းနဲ့ စာနယ်ဇင်းက အမြတ်တွေ ရနေတယ်ဆိုပေမယ့် ၀န်ထမ်းလစာတွေကို အရှုံးအမြတ်ထဲ ထည့်သွင်းတွက်ချက် သလား၊ ၀န်ကြီးဌာန အသုံးစရိတ်ထဲ တွက်ချက်သလားဆိုတာကိုတော့ ၀န်ကြီးက ရှင်းပြမထားခြင်း မရှိပါဘူး။

လတ်တလော ပြန်ကြားရေးဝန်ကြီးဌာနဟာ The New Light of Myanmar ကိုလည်း ပုဂ္ဂလိကနဲ့ ဖက်စပ်လုပ်မယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။ လက်ရှိ ထုတ်ဝေနေတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ ၂ စောင်ကိုလည်း လက်ရှိ စာမျက်နှာ ၂၀ ကနေ ၂၄ မျက်နှာထိ တိုးထုတ်မယ်လို့ ဒီနေ့ ကြေညာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013