Home
သတင်းတို
အမ်အေအိုင် လေကြောင်းလိုင်း ပြည်တွင်းခရီးစဉ် ပြေးဆွဲမည်
DVB
·
May 10, 2013
မြန်မာနိုင်ငံထဲကို နိုင်ငံခြားသားခရီးသည်တွေ ၀င်ရောက်မှု များပြားလာတဲ့အတွက် မြန်မာအဲဝေးအင်တာနေရှင်နယ်(အမ်အေအိုင်) လေကြောင်းလိုင်းဟာ ပြည်တွင်း ခရီးစဉ်တွေကို စပြီး ပြေးဆွဲတော့မယ်လို့ လေကြောင်းရုံး တာဝန်ရှိသူတယောက်က အတည်ပြုပြောဆိုပါတယ်။ ပထမဦးဆုံးအနေနဲ့ Airbus A319 လေယာဉ် အသုံးပြုပြီး မေ ၂၆ ရက်နေ့ကစ ရန်ကုန်-မန္တလေး- ရန်ကုန် ခရီးစဉ် စပြီး ပြေးဆွဲမယ်လို့ ဆိုပါတယ်။ ခရီးစဉ်တကြောင်းကို မြန်မာနိုင်ငံသားတွေအတွက် အမေရိကန် ၄၉ ဒေါ်လာ၊ နိုင်ငံခြားသား ၁ ယောက် ဒေါ်လာ ၁၁၀ သတ်မှတ်ထားတဲ့အတွက် နိုင်ငံသားနဲ့ နိုင်ငံခြားသား လေယာဉ်ဈေးနှုန်း ၂ ဆလောက် ကွာခြားပါတယ်။ ခရက်ဒစ်ကတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ ၀က်ဘ်ဆိုက်ကနေ တဆင့် ၀ယ်ယူနိုင်တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024