မူဆယ်မြို့အနီး အင်အား ၃.၇ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
June 8, 2020
ရှမ်းပြည်နယ် မူဆယ်မြို့အနီးမှာ ဒီနေ့မနက် ၈ နာရီခွဲလောက်က အင်အား ၃.၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇွန်လ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၈ နာရီ၊ ၂၇ မိနစ်၊ ၀၃ စက္ကန့် အချိန်က သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၁၀၅ မိုင်ခန့်ကွာဝေးတဲ့ မူဆယ်မြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၁၈ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၉၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၁၇ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။