“ဗမာလား၊ မြန်မာလား” ခေါင်းစဉ်ပါ လက်ကမ်း စာစောင်များ ဗကသ ကျောင်းသားများဝေငှ
DVB
·
June 8, 2020
“ဗမာလား၊ မြန်မာလား” ခေါင်းစဉ်ပါ လက်ကမ်း စာစောင်တွေကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားတွေက ဇွန်လ ၇ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ လူစည်ကားရာ နေရာ ဈေးချို၊ ရတနာပုံဈေးနဲ့ ၇၃ လမ်း တစ်ဝိုက်မှာ လိုက်လံဝေငှ ခဲ့ပါတယ်။
ဒသမတန်းသင်ရိုးမှာပါဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘ၀နဲ့ ပညာရေးအမြင် သုတဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဋ္ဌလို့ ထည့်သွင်းဖော်ပြမှုကို ဗကသအဖွဲ့ချုပ်အနေနဲ့ ပြင်းထန်စွာကန့်ကွက်တဲ့အနေနဲ့ စာရွက်တွေ လိုက်လံဝေငှတာဖြစ်ပါတယ်။
Photo - Kaung Zaw Hein / MPA