ကလေးမြို့တွင် ပြည်ပပြန်လာသူများကို တက္ကသိုလ်တခုတည်းတွင်စုပြီး Quarantine ထားမည်

ဇွန် ၁၀ ရက်နေ့က စတင်ပြီး နိုင်ငံခြားက ပြန်လာသူတွေကို ကလေးတက္ကသိုလ်တခုတည်းမှာ Quarantine စတင်ထားရှိတော့မယ်လို့ ကလေးခရိုင် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာစိုးမိုးထွေးက ပြောပါတယ်။ Quarantine စင်တာ ဖွင့်ထားတဲ့ စာသင်ကျောင်းတွေကလည်း ပညာရေးကို ပြန်အပ်ရတော့မှာဖြစ်တာကြောင့် ပြည်ပပြန်တွေကို ဓာတ်ခွဲအဖြေယူဖို့ ခုလို ကလေးတက္ကသိုလ်တ တနေရာတည်းမှာ ဒီလ ၁၀ ရက်နေ့စပြီး ထားမယ်လို့ ဆိုပါတယ်။ ကလေးမြို့မှာ Quarantine စင်တာတွေမှာ ထားရှိတဲ့ နိုင်ငံခြားက ပြန်လာသူအရေအတွက်ဟာ လက်ရှိအချိန်မှာ ၂၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကော်မတီ အဖွဲ့ဝင်တဦးက “ဒါက ကျနော်တို့မြို့ကို ကိုဗစ် ဒုတိယလှိုင်းအတွက် ပြင်ဆင်တာပါ။ ပြည်ပပြန်တွေကလည်း မကုန်သေးဘူးလေ။ နောက်ထပ်ဝင်လာကြဦးမယ်။ ဒါကြောင့် ပြည်ပပြန်တွေ တစုတည်းထားဖို့ စီစဉ်ကြတာပါ။ အခက်အခဲကတော့ စားသောက်ရေး အလှူရှင်တွေကို ရှာဖွေနေရတယ်” လို့ ပြောပါတယ်။ ကလေးမြို့မှာ Quarantine စင်တာ ၅၀ လောက် ရှိရာကနေ လွန်ခဲ့တဲ့ နှစ်ရက်လောက် ပညာရေးကျောင်းတွေ ပြန်အပ်ခဲ့တာကြောင့် ၃၀ ကျော်သာ ကျန်တော့တယ်လို့ သိရပါတယ်။ လာမယ့် ၁၀ ရက်နေ့မှာ ပြည်ပကပြန်လာသူတွေကို ထားမယ့်ကလေးတက္ကသိုလ်စင်တာဟာ ကလေးမြို့ အနောက်ခြမ်း ချင်းတောင်ချေ​တောစပ်မှာရှိပြီး လုံခြုံရေး စောင့်ကြည့်အနေအထားမှာ အခက်အခဲ ရှိနိုင်တယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up