တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေး စက္ကူဖြူစာတမ်း ယနေ့ ထုတ်ပြန်မည်

တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းကို  နိုင်ငံတော် ကောင်စီပြန်ကြားရေးရုံးက  ဇွန်လ ၇ ရက်မှာ  ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်လို့ စီစီတီဗွီသတင်းအရ  သိရပါတယ်။   စက္ကူဖြူစာတမ်း ကြော်ငြာဗွီဒီယိုကို  သတင်းစာရှင်းလင်းပွဲမတိုင်မီ  ဇွန်လ  ၆  ရက်က ထုတ်ပြန်ခဲ့ပါတယ်။   ကပ်ရောဂါစကတည်းက တရုတ်ဟာ  ရောဂါထိန်းချုပ်ရေးကို အစွမ်းကုန်လုပ်ဆောင်နေပြီး   မြို့တွေ  လော့ဒေါင်းချတာ၊ ယာယီဆေးရုံတွေ  ဆောက်တာနဲ့  ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး  ရန်ပုံငွေ ခွဲဝေတာတွေ လုပ်ခဲ့ပါတယ်။  ဒီလို ထိရောက်တဲ့ အစီအမံတွေကြောင့်  တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာလတို အချိန်အတွင်း ထိန်းချုပ်နိုင်နေပါတယ်။   ဒါ့အပြင်  ကမ္ဘာလုံးဆိုင်ရာ   ကိုဗစ်-၁၉  တိုက်ဖျက်ရေးမှာလည်း တရုတ်နိုင်ငံဟာ ပါဝင်နေပြီး  ကပ်ရောဂါဖြစ်နေတဲ့ နိုင်ငံတွေဆီ ဆေးဘက်ပစ္စည်းနဲ့ ကျွမ်းကျင်သူတွေ စေလွှတ်တာ၊ တရုတ်နိုင်ငံ အတွေ့အကြုံကို နိုင်ငံတာ အသိုက်အဝန်းတွေဆီ  ကူညီမျှဝေပေးနေတယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြထားပါတယ်။  တရုတ်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၃၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၆၃၄ ဦး၊ ရောဂါ ပြန်လည်သက်သာသူ ၇၈၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up