Home
သတင်းဓာတ်ပုံ
ရန်ကုန်တိုင်း ဥပဒေအရာရှိဟောင်း ဦးဟန်ထူးကို အဂတိလိုက်စားမှုဖြင့် ရုံးထုတ်စစ်ဆေး (ဓာတ်ပုံ)
DVB
·
June 5, 2020
20200605150642_IMG_0734
20200605150627_IMG_0732
20200605150625_IMG_0731
20200605150619_IMG_0730
20200605150615_IMG_0727
20200605150608_IMG_0724
20200605150555_IMG_0722
ဟာသ သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုအတွက် အမှုရုပ်သိမ်းပေးဖို့ လာဘ်စားဆောင်ရွက်ခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေအရာရှိဟောင်း ဦးဟန်ထူးအပါအဝင် တရားရေးအရာရှိ၊ ဥပဒေအရာရှိများကို ဇွန် ၅  ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ သရုပ်ဆောင် အောင်ရဲထွေးဟာ ၂ဝ၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ  The One Entertainment မှာလူတစုရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ခေါင်းမှာ ဒဏ်ရာရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ဝ၁၈ ဇန်နဝါရီ  ၂ ရက်က သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သန်းထွဋ်အောင်(ခ)သားကြီး အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၃ဝ၂ နဲ့ တရားစွဲဆိုတင်ပို့ခဲ့ကာ တရားလိုပြသက်သေတချို့ကို စစ်ဆေးခဲ့ပြီးနောက် သက်သေမခိုင်လုံဘူးဆိုပြီး အမှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။ အမှုရုပ်သိမ်းခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။ Photo - Kyaw Swar Tun / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024