Home
ရုပ်သံ
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ “ဒို့ကမ္ဘာ”မာတီမီဒီယာဒစ်ဂျစ်တယ်ပြပွဲ အွန်လိုင်းကကျင်းပ
DVB
·
June 5, 2020
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ “ဒို့ကမ္ဘာ”မာတီမီဒီယာဒစ်ဂျစ်တယ်ပြပွဲကို ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က စတင်ပြီးတော့ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဥရောပသမဂ္ဂအဖွဲ့မြန်မာ(အီးယူ)က ထုတ်ပြန်ထားပါတယ်။        အချိန်သီတင်းပတ် ၆ ပတ်ကြာ ကျင်းပသွားမယ့် ဒီပြပွဲကို အစကတော့ အနုပညာ ပြပွဲတွေ၊ ရုပ်ရှင်ပြသတာတွေစတဲ့ အခမ်းအနားတွေနဲ့ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် လတ်တလော ကိုဗစ်-၁၉ ရောဂါကပ်ဘေးအန္တရာယ်ကြောင့်မို့ လူမှုကွန်ရက်မီဒီယာတွေမှတဆင့် ဒစ်ဂျစ်တယ်ကမ်ပိန်းတွေနဲ့ စတင်မှာလို့ ဆိုပါတယ်။        “ဒို့ကမ္ဘာဆိုတာကတော့ ယနေ့ခေတ်တွင် အရေးတကြီး ဖြေရှင်းရန် လိုအပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို လူထုမှ ပိုမိုသိရှိသတိမူမိလာစေဖို့နဲ့ ရာ သီဥတုပြောင်းလဲမှုနဲ့ ဇီဝမျိုးစုံမျိုးကွဲများ မပျောက်ပျက်အောင် ထိန်းသိမ်းရန်အတွက် လူထုတစ်ရပ်လုံးမှ ပါဝင်လှုပ်ရှားလာကြရန် ရည်ရွယ်ပါတယ်။ လာမည့် ၆ ပတ်တာ ကာလတွင် ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုန်းလာမှု၊ သစ်တောပြုန်းတီးမှု၊ ရာသီဥတု ပြောင်းလဲမှု နှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ထုတ်ပြန်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုလိုက်ပါ” ဒစ်ဂျစ်တယ် ကမ်ပိန်းမှာတော့ မြင်မှုဆိုင်ရာ အနုပညာ၊ အနုပညာစိတ်အခံနဲ့ ဖန် တီးတင်ဆက်တဲ့ အခင်းအကျင်းတွေ၊ ပညာပေးဗီဒီယိုတွေ၊  သတင်းအချက်အလက်ရုပ်ပုံ တွေ၊ ပြည်တွင်းနဲ့ ပြည်ပမှတ်တမ်းရုပ်ရှင်တွေ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲတွေ ပျက်သုဉ်းမှု၊ တောပြုန်းမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို သိရှိလာနိုင်ဖို့  ရေးဆွဲဖန်တီးထားတဲ့ ချုံ့နိုင်ချဲ့နိုင်တဲ့ မြေပုံလွှာတွေကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိသွား မယ်လို့ ဆိုပါတယ်။        လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာတော့ ပြပွဲကို တိုက်ရိုက်လိုက်ဖ်ထုတ်လွှင့်သွားမှာ ဖြစ်ပြီး dohgabar.org အင်တာနက်ဝက်ဘ်ဆိုက်ဒ်စာမျက်နှာ၊ အီးယူမြန်မာရဲ့ ဖေ့စ်ဘွတ် ခ်စာမျက်နှာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် မှာပါ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024