Home
မြန်မာသတင်း
စစ်ကိုင်းမြို့က အိန္ဒိယပြန် ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ 
DVB
·
June 4, 2020
MOHS 10
စစ်ကိုင်းတိုင်းဒေသကြီးမှာနေထိုင်တဲ့ အိန္ဒိယနိုင်ငံက ပြန်လာသူ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၂၃၆ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ အဆိုပါ လူနာသစ် ၂ ဦးဟာ စစ်ကိုင်းမြို့မှာနေထိုင်တဲ့ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြပြီး နှစ်ဦးစလုံးဟာ အိန္ဒိယနိုင်ငံကပြန်လာပြီးနောက် အသွားအလာကန့်သတ်စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၀၇ ခု၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၇၄၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - Mdy) မှ ဓာတ်ခွဲနမူနာ ၂၄၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL - Mlm) မှ ဓာတ်ခွဲနမူနာ ၉၃ ခု စုစု ပေါင်း ၁,၁၈၆ ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် နှစ်ဦးတွေ့ရှိခဲ့တာပါ။ ဇွန်လ ၄ ရက်  ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၂၃၆ ဦး၊ သေဆုံးသူ ၆ ဦးရှိပါတယ်။ လတ်တလော နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ၃ ဦး (Case- 194၊ 195နှင့်196) အပါအဝင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၈ ဦးရှိပြီး ဒီအထဲက ၁၃၄ ဦး ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ PHOTO-MOHS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024