ကိုဗစ်-၁၉ ကြောင့် ကိုရီးယား Grand Bell Awards ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ပရိသတ်မပါဘဲ ကျင်းပ

ကိုရီးယားနိုင်ငံ ရုပ်ရှင်အဖွဲ့အစည်းကနေ နှစ်စဉ်ကျင်းပတဲ့ Grand Bell Wards ရုပ် ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲမှာ နာမည်ကြီး ကိုရီးယားသရုပ်ဆောင်မင်းသား လီဗျောင်ဟွန်းက အကောင်းဆုံး အမျိုးသားသရုပ်ဆောင် ထူးချွန်ဆုကို Ashfall ရုပ်ရှင်ကားနဲ့ ဆွတ်ခူး ရရှိသွားပါတယ်။ ဒီထူးချွန်ဆုကို Daejong Film Awards လို့လည်း သိကြပြီး အခုနှစ်မှာတော့ ၅၆ ကြိမ်မြောက်အနေနဲ့ ဆိုးလ်ဟိုတယ်၊ Grand Walkerhill ခန်းမမှာ ဇွန်လ ၃ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကြောင့်မို့ ခုချိန်မှ ကျင်းပနိုင်ခဲ့ပြီး ပရိသတ်တွေမပါပဲ ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။ ဒီဆုချီးမြှင့်ပွဲမှာတော့ နိုင်ငံတကာမှာပါ နာမည်ကြီးတဲ့ ဆုတွေလည်း ရရှိထားခဲ့တဲ့ Parasite ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆု၊ ဒါရိုက်တာထူးချွန်ဆု၊ အမျိုးသမီး ဇာတ်ပို့ထူးချွန်ဆုတွေအပါအဝင် ဆု ၅ ဆု သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆုရရှိသူစာရင်း အပြည့်အစုံကိုတော့ အောက်မှာ ဖော်ပြလိုက်ပါတယ်။ Best Film: “Parasite” Best Director: Bong Joon Ho (“Parasite”) Best Actor: Lee Byung Hun (“Ashfall”) Best Actress: Jung Yu Mi (“Kim Ji Young: Born 1982”) Best Supporting Actor: Jin Seon Kyu (“Extreme Job”) Best Supporting Actress: Lee Jung Eun (“Parasite”) Best New Actor: Jung Hae In (“Tune In for Love”) Best New Actress: Jeon Yeo Bin (“After My Death”) Best New Director: Kim Bo Ra (“House of Hummingbird”) Best Planning: Kim Mi Hye, Mo Sung Jin (“Extreme Job”) Best Screenplay: Han Jin Won, Bong Joon Ho (“Parasite”) Best Cinematography: Kim Young Ho (“The Battle: Roar to Victory”) Best Lighting: Jeon Young Suk (“Svaha: The Sixth Finger”) Technical Award: Jin Jong Hyun (Visual effects, “Ashfall”) Best Editing: Lee Kang Hee (“Exit”) Best Music: Jung Jae Il (“Parasite”) Best Costumes: Lee Jin Hee (“The Great Battle”) Best Art Direction: Seo Seong Kyeong (“Svaha: The Sixth Finger”) Achievement Award: Shin Young Kyun

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up