Home
မြန်မာသတင်း
လူနာအမှတ် ၂၃၃ နှင့် ထိတွေ့ခဲ့သူ ၇၀ ကျော်ကို ဓာတ်ခွဲစစ်ဆေး
DVB
·
June 4, 2020
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က ကိုဗစ် ၁၉ ဓာတ်ခွဲအတည်ပြု လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့သူ ၇၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးနေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့သူတွေကို ကိုဗစ် ၁၉ ဗိုင်းရပ်ပိုး ရှိမရှိ သိရှိနိုင်ဖို့ ဇွန်လ ၃ ရက်နေ့မှာ ၄၉ ယောက်နဲ့ ဇွန် ၄ ရက်နေ့မှာ ၂၇ ယောက်တို့ကို လည်ချောင်းတိဖတ်ရယူပြီး ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ ပို့ဆောင်ခဲ့တာလို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ပြောပါတယ်။ လူနာအမှတ် ၂၃၃ ဟာ မေ ၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံက ပြန်လာခဲ့တာဖြစ်ပြီး ပဲခူးမြို့နယ်၊ ဘုရာကြီး​မြို့ Quarantine စင်တာမှာ ၄ ရက်နေထိုင်ခဲ့တာ​ပါ။ ညောင်လေးပင်မြို့အမှတ် အထက(၂)ကျောင်း Faciliity Quarantine စင်တာမှာ မေ ၂၉ ရက်နေ့ တညအိပ်ခဲ့ပြီး ပြွန်တန်ဆာမြို့ သီတဂူမျက်စိအထူကုဆေးရုံ Facility Quarantine ကို မေ ၃၀ ရက်နေ့မှာ ရောက်ရှိခဲ့တာပါ။ လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့သူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ၁၅ ဦး၊ Volunteer ၃ ဦး၊ ယာဉ်မောင်း ၁ ဦးနဲ့ လူနာအမှတ် ၂၃၃ ရဲ့ ဖခင်တို့ ပါဝင်ခဲ့တယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီးက ဆိုပါတယ်။ လူနာအမှတ် ၂၃၃ ဟာ ပဲခူး​မြို့ ကလိ​ဆေးရုံမှာ တက်​ရောက်ကုသ​နေ​ပြီး လက်ရှိမှာ ဖျားနတာမရှိဘဲ အခြေအနေကောင်းမွန်နေတယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ပြောပါတယ်။ "ထိတွေ့ခဲ့သူတွေအားလုံးရဲ့ ဓာတ်ခွဲအဖြေက ခုရက်ပိုင်း ထွက်လာမှာပါ။ သူတို့ကိုလည်းသီ ခြားစောင့်ကြည့်ထားပါတယ်။" ညောင်လေးပင်​မြို့နယ် Facility Quarantine စင်တာ ၁၆ ခုမှာ ပြည်ပက ပြန်လာသူ ၂၄၀ ကျော်ရှိပြီး ထိုင်းနိုင်ငံက ပြန်ရောက်လာတဲ့ ​ရွှေ့​ပြောင်းလုပ်သားက ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024